အပိုင်း ( ၃၁ )

1.2K 13 0
                                    

အပိုင်း ( ၃၁ )

အပြူး  အသက် ၂၂နှစ်သာ ရောက်ခဲ့တယ်။
ပျော်ရွှင်စရာ ဆိုတာ သိပ်မရှိခဲ့ပါဘူး။
ဟိုး ငယ်ငယ်လေးက မိသားစု ဘဝလေးကိုပြန်လိုချင်ပေမဲ့ အခုတော့ အားကိုးစရာအဖေကမရှိ ၊ ခေါင်းလေးထိုးပြီး ချွဲဖို့ မေ့မေ့ ရင်ခွင်ကလည်း မရှိတော့ပါဘူး။

ပျော်ရွှင်စရာ ကောင်းတဲ့ ကလေးဘဝကို ပြန်လိုချင်ပေမဲ့ ဒါဟာ မိုက်ရူးရဲဆန်တဲ့ အတွေးတွေပါ။
မဖြစ်နိုင်တာကို တောင့်တနေမယ့်အစား ရှေ့မှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကိုရင်ဆိုင်ပြီး ဘဝကိုရှေ့ဆက်တာကဘဲ သဘာဝကျမယ် ထင်ပါရဲ့။
နာကျင်မူတွေကို ငိုရှိုက်နေမယ့်အစား
မျက်ရည်မကျအောင် တောင့်ခံထားပါ။
လဲကျနေတဲ့ အချိန် ကိုယ့်အပေါ်ကိုနင်းလျှောက်သွားတဲ့လူတွေကို မျက်ရည်ခံထိုးပြီး အသနားခံ ခေါင်းမော့ကြည့်နေမယ့်အစား ကြိုးစားပြီး ပြန်ထပါ ၊ နောက်ကိုဘယ်တော့မှ လဲမကျအောင်ထိန်းပါ။
ကိုယ့်ကို လှောင်ရယ် နေသူတွေကို ကိုယ်က အပြုံးတွေသာ ဖန်တီးပေးလိုက်ပါ ၊လှောင်ရယ်မှုတွေ ရပ်တန့်သွားလိမ့်မယ်။

အဖေ အမေ ရှိစဉ်အခါက အပြူးဘဝလှပခဲ့ပါတယ်။
ပထွေး ရောက်လာမှ ကံဆိုးခြင်းမုန်တိုင်းတွေ စတင်ခဲ့တယ်။
မုန်တိုင်းက ပြင်းထန်လွန်းလို့ အပြူးဘဝ နဲ့နဲ့လေးသာကျန်တော့တဲ့အချိန်မှာ  ကံကောင်းစွာနဲ့ ကိုကို တို့မိသားစုထဲကို ရောက်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတယ်။

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို
အပြူးရောက်တဲ့ နေရာမှာ ကံဆိုးခြင်းတွေ ဖြစ်နေမှာလား။
ကံကောင်းခြင်းတွေရော ရှိမနေနိုင်ဘူးလား။

အပြူး အဲ့ဒီစကားပုံကို လက်မခံနိုင်ပါ။
ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူတွေရဲ့ ထွက်ပေါက် အနေနဲ့ ပြောတဲ့စကားလို့ အပြူးထင်နေမိသည်။
ငါရောက်တဲ့အရပ်မှာ ကံကောင်းခြင်းတွေလည်း ရှိနေပါလားဆိုတာ တစ်နေ့အများသိအောင် ငါကိုယ်တိုင်လုပ်ပြမယ်။
ကံ ဆိုတာ အလုပ်ပါပဲ။

အပြူး ဖားကန့်မြို့နယ်ရဲ့ ကျောက်မှော်တစ်ခုဆီသို့ ရောက်ခဲ့ပါပြီ။
မှော်ထဲ ကို ရောက်ရောက်ချင်း အပြူး အဓိဌာန်ချလိုက်သည်။

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now