အပိုင်း ( ၃၃ )

1.7K 24 3
                                    

အပိုင်း ( ၃၃ )

အပြူး ကျောက်ရှာတဲ့ နေရာအနှံ့ လိုက်ကြည့်မိသည်။

ဒေါင်ဇောင်းကို မတွေ့ရပါ။
ဘာဖြစ်လို့မလာတာလဲ ။
တခုခုဖြစ်လို့လား။
အပြူး စဉ်းစားတွေးတောနေသည်။
မတွေ့တာ သုံးရက်လောက်ရှိပြီ။

အဲ့ဒါနဲ့ အပြူးလည်း ဒေါင်ဇောင်းနေတဲ့အိမ်ကို စုံစမ်း မေးမြန်းပြီး အခြေအနေကို
သွားကြည့်သည်။

အပြူး ဒေါင်ဇောင်းကို ချစ်လို့လည်း မဟုတ် သံယောဇဉ် ဆိုရင်လည်း ဘယ်လို သံယောဇဉ်မျိုးလဲ။

ဒါမှမဟုတ် ဒေါင်ဇောင်းရဲ့ ခန္ဓာကိုယ် သန်မာထွားကျိုင်းကြောင့် sex ဖြစ်ချင်တဲ့ သဘောလား မသဲကွဲပါ။
ဒါပေမဲ့ အပြူး သွားကြည့်လိုက်ပါသည်။

လမ်းတစ်ခုထဲ ချိုးဝင်သွားသည်။
လူချမ်းသာတွေနေတဲ့ ရပ်ကွက်တော့မဟုတ်ပါ ။

အနားက ဖြတ်လျှောက်သွားတဲ့ အဒေါ်ကြီးကို မေးကြည့်လိုက်သောအခါ တဲအိမ် သာသာ အိမ်လုံးလေးကို ညွှန်ပြသည်။

“ ကိုဒေါင်ဇောင်း...ကိုဒေါင်ဇောင်း။ ”
ပြန်မထူးပါ။ လူမရှိတာလား။

အပြူး အိမ်ထဲသို့ ဝင်ကြည့်လိုက်သည်။
ကို‌ဒေါင်ဇောင်း အိပ်ရာထဲမှာ အဖျားတွေတက်နေသည် ၊ ချမ်းနေပုံရသည်။
အနားကို သွားပြီး နဖူးကို စမ်းကြည့်လိုက်တော့ တော်တော်ကို ပူနေသည်။

ဒေါင်ဇောင်းက အပြူးကို ရီဝေစွာ ကြည့်နေမိသည်။ ၀မ်းသာ ဝမ်းနည်းနဲ့ ဒေါင်ဇောင်း မျက်ရည်ဝိုင်းကာ အပြူးရဲ့ လက်လေးကို အားကိုးတကြီး စုပ်ကိုင်ထားသည်။
အပြူး ဂရုဏာ သက်မိသွားသည်။
‌ကိုဒေါင်ဇောင်းမှာ သူ့ကို ဂရုစိုက်မယ့် သူ့မိသားစုမရှိတာထင်တယ်။

ဒေါင်ဇောင်း အသက်နဲ့အမျှ သူဘယ်လောက်ဖျားနေဖျားနေ ဂရုစိုက်မယ့် သူမရှိပါ။
အဖေကလည်း ဂရုမစိုက်ပါ ၊ အမေမရှိတဲ့ နောက်ပိုင်း တစ်ယောက်ထဲ ပိုပြီး အထီးကျန် ဆန်စွာ နေထိုင်ခဲ့ရသည်။
ဒါ့ကြောင့် လောကကြီးကို အရွဲ့တိုက်ကာ ဂျစ်ကန်ကန် ပုံစံဖြစ်နေခဲ့သည်။
သူခံစားရတဲ့ ဝေဒနာတွေကို လူမမြင်စေချင်လို့ ခပ်ဆိုးဆိုးပုံစံနေပြီး ဘယ်အရာမှ ခံစားမှုမရှိတဲ့ပုံစံဖြင့် နေထိုင်ခဲ့သည်။
ဒါပေမဲ့ သူ့ရင်ထဲမှာ တစ်နင့်တစ်ပိုး ခံစားခဲ့ရတာကို သူ့အမေတောင် သိသွားမှာမဟုတ်ဘူး။

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now