အပိုင်း ( ၂၉ )

2K 22 0
                                    

အပိုင်း ( ၂၉ )

"ညီ ၊ အခုတလော မျက်နှာမကောင်းဘူးနော်။
ဘာဖြစ်နေတာလဲ အလုပ်မှာမပျော်ဘူးလား။
ကိုကို့ကို မကျေနပ်တာ ရှိလို့လား ၊ ညီ......။ "

" ဘာမှမဖြစ်ပါဘူး ၊ ကိုကို။ ကို့ကို မကျေနပ်စရာ အကြောင်းမှမရှိတာ ၊ ဟီးဟီး။ "
အပြူး အပြုံးတွေ ဇွတ်ပြုံးကာ ကိုဝိုင်း စိတ်ကျေနပ်အောင် ပျော်ရွှင်တဲ့ပုံစံဖမ်းပြလိုက်ရသည်။
ရင်ထဲမှာတော့ သောကမီးတွေ ဖွဲမီးပမာ တစ်ငွေ့ငွေ့တောက်လောင်နေပါသည်။

ကိုကိုရယ် ၊ ညီ ကိုကိုတို့နဲ့ တစ်ကယ်ခွဲခွာရမယ် ဆိုတဲ့အချိန်မှာ အရမ်းကြီးခံစားရပါတယ်။
တွယ်ရာမဲ့ အပြူးတစ်ယောက် ခိုကိုးရာ ရပြီလို့ထင်ခဲ့ပေမဲ့ အပြူးကြောင့် ကိုကိုတို့ သားအမိ ဒုက္ခရောက်မှာကို အပြူးမလိုလားပါဘူး။ အပြူးဘဝက အစထဲက ခါးခဲ့ပြီးသားပါ။ ဒီထက် မဆိုးရွားနိုင်တော့ပါဘူး....။

အပြူး စိတ်ထဲမှာ ပြောနေပေမဲ့ နှုတ်က ဒီစကားတွေ ထွက်လာဖို့ အင်အားတွေမရှိသေးပါဘူး။

" ညီရယ်......ညီတစ်ခုခုဖြစ်နေတယ်ဆိုတာ အကိုသိပါတယ်။ ညီဘာအခက်ခဲဖြစ်နေလို့ အကို့ကိုတောင် ရင်မဖွင့်ရတာလဲ။ အကို့ကိုပါ
ညီမယုံတော့ဘူးလား။ ဟိုတစ်နေ့ကလည်းဖျားလို့ အလုပ်ကပြန်သွားပေမဲ့ အိမ်ကို ညီ
မရောက်လာဘူးလေ ၊ ကိုကို့ထက် နောက်ကျမှ ညီရောက်လာခဲ့တာ။ ညီဘာတွေ လုပ်နေတာလဲ ကိုကို မမေးရက်ဘူး...ညီရယ်။ "

ဝိုင်သုတ စကားတွေ ရင်ထဲက မထွက်လာပါ။

" ကိုကို အိပ်ရအောင်လေ ။
ညီ ကိုကို့ရင်ခွင်ထဲမှာ အနှစ်ခြိုက်ဆုံးအိပ်ချင်တယ် ၊ ကိုကို ။
ညီ့ကို ကိုကို့ရင်ခွင်ထဲမှာ တစ်ညလုံး အိပ်စက်ခွင့်ပြုပါ။ "

" အော် ၊ ညီကလည်း ခွင့်တောင်းနေစရာမလိုပါဘူး။ ဟောဒီ ကိုကို့ရင်ခွင်ကြီးက ညီ့အတွက်ပါပဲ။ လာဗျာ လာဗျာ။ဟား..ဟား..ဟီးဟီး။ "

" အာ့..အကို့..ယားတယ် ၊ အိုး..ကိုကို နော်..
ယားတယ် ၊ ကိုကိုရဲ့...ညီ ပြန်ကလိထိုးမှ
ကိုကို မအော်နဲ့နော် ၊ လာခဲ့ အား...အား..
အား.ယို့ယို့........။ "

နှစ်ယောက်အတူ ပျော်ရွှင်ချိန်လေးဖြစ်လာပါသည်။
သောကတွေဘေးချိတ်ပြိး ကြည်နူးမှုတွေနဲ့အတူ သာယာမှုရှိတဲ့ နိဗ္ဗာန် ဘုံလေးဆီသို့
နှစ်ကိုယ်တူ လျှောက်လှမ်းခဲ့ကြသည်။

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now