အပိုင်း ( ၃၀ )

1.3K 21 5
                                    

အပိုင်း ( ၃၀ )

အပြူးစိတ်တွေ ရှုပ်ထွေးနေသည်။
ပထွေး တောင်းထားတဲ့ ပိုက်ဆံ သူ့မှာမရှိပါ။
အကြံရှာနေရပြီ...
ကိုကို့ကိုလည်း အသိမပေးရဲပါ...
ငါဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ
အပြူး အလုပ်ထဲကို အာရုံမရောက်နိုင်။
အကုန်လုံး အလွဲလွဲအချော်ချော် ဖြစ်နေသည်။

ဝိုင်းသုတ အပြူးကိုကြည့်နေသည်။
အပြူးတစ်ယောက် ဗြာများနေသည်။
သူမေးတာလည်း မဖြေတော့ ဝိုင်းသုတ စိတ်ပိုတိုလာသည်။
စောင့်ကြည့်နေဖို့သာ ဆုံးဖြတ်ချက် ချလိုက်သည်။

~~~~

“ အပြူး ”
ခေါ်သံက ကျယ်တော့ အပြူးလန့်သွားသည်။

“ ကိုသူရ ၊ ဘာပြောစရာရှိလို့လဲ။ ”

“ မင်းအခုတလော ဘာဖြစ်နေတာလဲ။ ငါဘာကူညီပေးရမလဲ ၊ မင်းအဆင်မပြေတာရှိရင်ပြောလေ ၊ ငါကူညီနိုင်တာဆိုရင် ငါ ကူညီမှာပေါ့။ ”

“ ရပါတယ် ၊ ဘာမှမဖြစ်ပါဘူး ၊ အကူညီလိုတယ်ဆိုရင် ပြောပါ့မယ်။ အခုတော့ မလိုသေးပါဘူး။ ”

“ အေးပါ ၊ ဒါဆို ငါသွားအုံးမယ်။ ”
ကိုသူရ အပြင်ထွက်သွားပါသည်။
ကိုသူရနဲ့ အပြူးပြောနေတာကို စန္ဒီကျော်မြင်သွားသည်။

“ ဘာတွေတိုင်ပင်နေတာလဲ။
ဒါမှမဟုတ် ဘာဇာတ်လမ်းတွေခင်းနေတာလဲ။
ငါးရံ့နှစ်ကောင်ဖမ်းရင် တစ်ကောင်မှမမိဘဲ ဖြစ်နေမယ်နော်။
လှေနံ နှစ်ဖက်နင်းမှ ပေါင်ပြဲပြီး ကျန်နေခဲ့မယ်။
ဂရုစိုက်အုံး ၊ ငပြူးလေး...ဟွင်း...ဟွင်း...။ ”

“ မစနိုက်ကျော်...ကျွန်တော် အေးဆေးနေချင်တယ် ၊ ရန်လာမစပါနဲ့။ ”

“ ဘာ...ငါ့နာမည်ကို ပြန်ခေါ်လိုက်စမ်း။
ဘာတဲ့...ငါလုပ်လိုက်ရ....ဟွင်း..။ ”

“ ဟုတ်တယ် ၊ စန္ဒီကျော် ဆိုတဲ့နာမည်ထက်
အမက စနိုက်ကျော် ဆိုတဲ့နာမည်နဲ့က ပိုလိုက်ဖက်ပါတယ်။ သူများ ချစ်သူရည်းစားကိုမှ စနိုက်ကျော်ချင်တဲ့ မစနိုက်ကျော်မ။ ”

“ ဘာ ၊ ပြောလေ ကဲလေ...နင်တော်တော်
အတင့်ရဲလှပါလား။နင် အခုလိုမျိုး ဘယ်အချိန်လောက်ထိ ငါ့ကို ကစ်ကစ်လန်ပြန်ပြောနိုင်မလဲ စောင့်ကြည့်ရသေးတာပေါ့။ ”

ဘ၀အထိုထို (သို့) အပြူးWhere stories live. Discover now