" ဒါကကြ "
" သားရဲ့ ဖုန်းပါ "
" အာ မင်းမှာလဲ ဒီလိုမျိုးရှိတာလား ၊ ငါ့မှာလဲရှိတယ်ဆိုပေမဲ့ ငါမသုံးတတ်ဘူး ကားဆရာဦးလေးကြီး ကလဲ အချိန်မပေးနိုင်လို့အခုထိမသင်ပြသေးဘူး "
Yongbok သည် သူ့ရဲ့ ညီလေးဟုခေါ်ဆိုရမယ့် ကလေးရဲ့ဖုန်းကိုကြည့်ရင်း တိတ်တဆိတ်ရေရွတ်လိုက်တယ်။
" သား သင်ပေးမယ်လေ "
" တကယ်လား ?"
ခေါင်းညိမ့်ပြတယ့်အခါ သူ့မှာ ပျော်သွားရရှာသည်။
" ကျေးဇူးပဲကွာ ၊ငါ့ညီလေး ဘာစားချင်လဲ ဒီကကိုကိုဝယ်ကျွေးမယ်လေ "
အခုထိ ခင်တာမကြာသေးတယ့် သူနဲ့ သူ့မိထွေးကပါလာတယ့် ကောင်လေးသည်ကာ သာမာန်ညီအကိုဆက်ဆံရေး ရအောင်တော်တော်ဖြတ်ကျော်ရအုံးမည်ဟု တွေးလိုက်သည်။ ထို့အပြင်တစ်ဆက်ထဲ တွင်ပင် သူ့ရဲ့မြစ်ကလေး သည်ကာ ဤကလေးငယ်အား ဘာတွေလုပ်လိုက်လို့ အစပိုင်းသူ့ကိုမြင်တာနဲ့ ကြောက်နေရတာလဲ သူသိချင်ရသည်။
" ညီလေး "
"..."
" ကိုကိုကလေ အရင်တုန်းက ငါ့ညီလေးအပေါ်ဘာလုပ်ခဲ့လဲဟင် "
"...."
" မပြောချင်ရင်လဲ ရပါတယ် "
" ကျွန်တော် ပင်လယ်စာခေါက်ဆွဲစားချင်တယ် "
" ဘာရယ် ? "
" ခုနကပဲပြောတယ်မဟုတ်လား ... ဝယ်ကျွေးမယ်ဆို "
ထိုစကားကြားတော့မှ ဤကလေးသည် ပြောင်ပြောင်တင်းတင်းကိုစကားလမ်းကြောင်းလွဲချင်ကြောင်းသိလိုက်ရတော့သည်။ ဒါသည်ကာ သူမပြောချင်ကြောင်း အသိအသာကြီးပြတာမို့ yongbok လဲခေါင်းကိုတစ်ချက်ညိတ်ပြီး သူ့ညီလက်ဆွဲရာအတိုင်း လိုက်သွားခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် အရင် Yongbok ကာ သည်ကလေးကို မုန်းခဲ့ရင်တောင် သူနဲ့ဘားမှမဆိုင်တယ့်အတွက် အခုဆိုရင် သူနဲ့ပက်သက်တယ့်ညီလေးတစ်ယောက်လိုသာ မှတ်ယူထားလိုက်သည် ။ သူဘက်က စိတ်ရင်းနဲ့ ညီတစ်ယောက်ရသလိုဆက်ဆံမှာမို့ နောင်အနာဂတ်မှာ ဤကလေးရဲ့ ကြောက်ရွံ့နေတယ့်မျက်ဝန်းတွေ နဲ့သူ့ကိုကြည့်တာမျိုး မဖြစ်စေရဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanfictionRebirth UNI ONLY start date: Aug , 23 , 2024 end date :....