5

137 21 6
                                    

Yongbok အနေနဲ့ ထပ်ပြီးလဲ ရန်မဖြစ်ချင်ပါ‌လေ ။ သူအေးဆေးပဲနေချင်ရုံသာ သို့ပေသိ အပြစ်မလုပ်ထားပဲနဲ့တော့ လာလာထိရင် ငြိမ်ခံနေတော့မှာမဟုတ်ပေ။  သူတစ်ချက်ဆို ငါလေးချက် ပြန်ချနိုင်ရန်ဆိုတယ့် စိတ်နှလုံးကိုလဲ ရန်ဖြစ်တယ့်နေ့ထဲက သွင်းထားတော့သည်။  သူ့မှာ များများစားစားအင်အားတော့မရှိပေမဲ့ သူလဲ ယောင်္ကျားလေး ပဲဟာ အသက်အန္တရယ်အထိ ထိခိုက်လာရင်တော့ ရရာ လက်နက်နဲ့ ဦးအောင်စော်ရမှာပဲ ။ ထိုနေ့ကရန်ပွဲကြောင့်ပဲ hwang hyunjin ဆိုတယ့် ကောင်လေး ဟာ သူနဲ့ သူငယ်ချင်းဖြစ်မည်ဆိုတာ အတည်ပြုနိုင်လိုက်သည်။ ပြီးတော့ ထိုကျောင်းသားမှာက မမြင်ရတယ့် အရှိန်အဝါတစ်ခုက စီးဆင်းနေတာကိုလဲ သူသိပါ၏။ hwang hyunjin ကို အတန်းထဲကလူ တော်တော်များများ သည်ရှိန်ကြတာကိုလဲ သတိထားမိသည် ။ ရှိန်တယ်ဆိုတယ့်အဓိပ္ပာယ်မှာလဲ သူယခုတစ်လော ကြည့်နေကြ ရုပ်ရှင်ကားတွေထဲက လူဆိုးကိုရှိန်သလိုမဟုတ်ပဲ လေးစားအားကျရတယ့် သူတစ်ယောက်လိုမျိုး အတန်းထဲက လူထက်ဝက်လောက်က ရှိန်ကြတာမျိုး ပေ။
ထို့ကြောင့် ယခင်က သူ့မြစ်ကလေး hwang hyunjin နဲ့ သူငယ်ချင်းဖြစ်ခဲ့တာ တကယ်ကံကောင်းတယ်လို့ပြောရပေမည် ။ မဟုတ်ရင် အဲ့နေ့က ကိစ္စမှာ သူ့ကိုကူညီပေးဖို့ ဘယ်သူမှမရှိတာနဲ့တင် သူအဲ့နေရာမယ်အသက်ပျောက်နေလိမ့်မည်ဖြစ်သည် ။

Yongbok လွယ်အိတ်ထဲသို့ ဓါးတို တစ်ချောင်းကိုလဲ လိုရမယ်ရအဖြစ် ထည့်လိုက်ပါ၏ ။ သူ့မှာ အဲ့နေ့က ကိစ္စဖြစ်ပြီးထဲက ဟိုအဖေဆိုတယ့်လူကြီးဆီကလဲ မဆီမဆိုင်အဆူခံလိုက်ရပါသေးသည်။  သူသည် ရွေးချယ်စရာများများစားစားမရှိပေ။  လက်တွေ့ကျကျတွေးတတ်သူပြီပြီ yongbok ဟာ လဲ ငြိမ်ခံမနေနိုင်ကြောင်းပြသရပါမည်။  သို့မှသာ သူ စိတ်ထဲလဲအဆင်ပြေမှာဖြစ်ပါ၏။ 

တွေးရင်း သူသည်ကာ အခုတစ်လောမှဝယ်ထားတယ့် အသစ်ဆုံးသော ဖုန်းဟုဆိုရတယ့် အရာကိုကိုင်လိုက်ပြီး ထိုနေ့က မိမိကိုရန်ဖြစ်ခဲ့တယ့် လူတွေအကြောင်းကို သိသလောက်လေး ရှာကြည့်မိလိုက်သည်။ ဒါပေမဲ့ သူ ရှာတယ့်အခါ ထိုလူတွေအကြောင်းမတွေ့ပေ။  ညီလေးနဲ့တွေ့မှ အကူအညီတောင်းကြည့်ရမယ်ဟု တွေးလိုက်ပြီး ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်သည် ။ ယခင်က သူ့မြစ်ကလေးဖုန်း ဟာတော့ သူမသုံးချင်သည့်အတွက်အံဆွဲထဲကိုထည့်ပိတ်ထားသည်။  ဘာလို့ဆို သူ့မြစ်ကလေး ဖုန်းကိုဖွင့်ကြည့်လိုက်တာနဲ့ အမှတ်တရပေါင်းများစွာထည့်ထားလို့ပေ။  ထိုကလေး မသေခင်က ရိုက်ခဲ့တယ့် ဓါတ်ပုံတွေ vidတွေ ထိုကလေး ရဲ့ ချည်ထိုးပန်းထိုး channel လေးတွေ ကို သူမြင်လိုက်ရသည့်အခါ မခံစားနိုင်သည့်အတွက်ကြောင့်ပေ။ ထို့ကြောင့်များများစားစားတောင်မရှာဖွေလိုက်ပဲ ထိုဖုန်းလေးကို ပိတ်ကာ အသစ်တစ်လုံးဝယ်လိုက်ရတာဖြစ်ပေ၏ ။ သို့တိုင်းလဲ သူ့အနေနဲ့ သိပ်တော့လဲမလိုအပ်ပေ
သူမှဖုန်းမသုံးတတ်တာ
သူက Tv ပဲကြည့်ရတာပိုကြိုက်သည့်အတွက် ဒါတွေက လိုအပ်တယ်လို့ကိုမထင်လေ ။

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now