10

202 30 13
                                    

Yongbok ရဲ့ ခန္ဓာကိုယ်ဟာ သိပ်ကိုမောပန်းလှသည်ထင်ပါရဲ့ ။ ထိုအဖြစ်အပျက်ဖြစ်ပျက်ပြီးသွားတယ့်နောက်မှာသူ့မျက်လုံးတွေထဲ ဘာဆိုဘားမှ မမှတ်မိတော့သလိုမျိုး အဖြစ်အပျက်မျိုးစုံဟာဖြစ်ပျက်သွားသည်။  သူ နားတွေဟာလဲအူသွားသလာ ဘေးအနီးနားက အသံမျိုးစုံကိုလဲ မကြားရတော့ဘူး ။ သူ ကိုယ့်သူတောင်ဘာတွေလုပ်မိနေမှန်း သေချာမသိနိုင်တော့လောက်အောင် သူ့ရဲ့စိတ်တွေဟာ ကျကွဲသွားတယ့် ဖန်ကွဲစတွေလို အစိတ်အစိတ်အမြွှာမြှာဖြစ်လို့နေပြီအစိုးမရတော့ဘူး ။ သူ မှတ်ထားချင်လောက်စရာဘာအဖြစ်အပျက်မျိုးကိုမှ မရှိနေအောင်အထိ စိတ်တွေမွန်းကြပ်လာတော့ အသက်ရှူတွေ မဝတော့သလို ရင်ဖက်ထဲကနေလဲ လေများက ဆန်တတ်လာပြီး သူ့အရိုးနဲ့နှလုံးအိမ်ကို လာထိုးနှက်တယ် ။

" Yongbok"

အသံတစ်သံဟာ သူရဲ့အူနေတယ့် နားထဲကိုတိတ်တိတ်ကလေး ကြားအောင်အထိ ခေါ်ဆိုနေသလို ဝင်ရောက်လာပြန်တယ်။

"Lee yongbok... ‌ရလား ... yongbok"

အသံတွေဟာတစ်ဖြေးဖြေး‌ကျယ်လာပြန်တယ်။  သူခေါင်းတွေလဲမူးနေပြီ ... ဘာလို့သူရှေ့မှာလောကကြီးက ချာချာလည်နေရတာလဲ

" Yongbok...ကြားရဲ့လား "

ထို့နောက်ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လာတယ့်လက်နွေးနွေးတစ်ဆုံကြောင့် သူပထမဆုံးအကြိမ်အထိအတွေ့ဟူသော ခံစားချက်ကိုသိရှိသွားပြီး ဦးနှောက်ဟာသတိပြန်လည်လာသည်။ သူ ရဲ့ မျက်လုံးထဲက အလင်းစူးစူးတွေဟာလဲ ပျောက်ကွယ်သွားပြီးအဲ့အစား ခပ်ချောချောကောင်လေးတစ်ယောက်ရဲ့မျက်နှာဟာ သူ့ရှေ့မှာပေါ်ထွက်လာသည်။  အူနေတယ့်နားနှစ်ဖက်ထဲကိုလဲ တည်ကြည်တယ့် သူ့အမည်နာမကိုခေါ်သံတစ်ခု ဟာအစားထိုးဝင်ရောက်လာပြီး လွမ်းမိုးသွားတယ် ။

" Yongbok yongbok"

ခေါ်သံရဲ့အဆုံးမှာ သူမျက်လုံးတွေကိုအဆုံးထိဖွင့်ရင်းနိုးထလာခဲ့ပြီးသူ့ကိုခေါ်နေတယ့် လူမျက်နှာဟာလဲ တစ်ဖြေးဖြေး ရုပ်လုံးပေါ်လာလေပြီ။ ထိုသူသည်မှာ hwang hyunjin

".....ငါ ငါဘယ် ငါဘာတွေဖြစ်နေတာလဲ "

" မင်း ရေမသောက်ရသေးလို့အားနည်းနေတာ ... "

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now