တစ်ယောက်ယောက်ရဲ့အချစ်ခံလေးဖြစ်ရတာက သိပ်ကိုကောင်းပါတယ်။ ထိုသူဘာလုပ်လုပ်သူ့ဘက်မှာအမြဲရပ်တည်ပေးမယ့်လက်တစ်စုံလိုမျိုး ချစ်ပေးမယ်သူရှိတယ်။ ထိုသူမှားနေရင်တောင် ထိုအမှားအား လစ်လျူရှု့ပြီးစုံလုံးကန်ဆက်ချစ်ပေးမယ့်သူရှိနေတာမျိုးက အချစ်ခံရတာပဲလေ။ ထိုသို့အချစ်ခံရဖို့က လူအများကြီးဆုတောင်းနေရင်တောင်မပြည့်နိုင်တယ့် မဖြစ်နိုင်သောတောင်းဆုချွေချင်းတွေပဲ
တစ်ဖက်သတ်အချစ်ဆိုတာ အရင်တုန်းကတော့ ပျော်ဖို့ကောင်းမယ်ထင်ခဲ့တာ ။ ဒါပေမဲ့အခုတော့သူ့မျက်နှာကိုမြင်လိုက်ရတယ့်အခါတိုင်းရင်ဖက်ကနေ သွေးစိမ်ရှင်ရှင်တွေ ထွက်ကျလာတာများ
နာကျင်ရတယ် နာကျင်ရပါတယ်
ငါမရနိုင်တော့မှန်းသိတယ့်ပန်းတစ်ပွင့်ကိုအဝေးကနေငေးရတာ သိပ်ကိုနာကျင်ဖို့ကောင်းတယ် ။" ကိုကို "
အောက်ကခေါ်သံကြောင့် သူငုံ့ကြည့်လိုက်လေတော့ သူ့အနောက်အမြဲခွေးပေါက်လေးအတိုင်းကပ်လိုက်နေတယ့် jeongin ကိုတွေ့လိုက်ရပေသည်။ သူ aerial silks ကိုလုပ်နေသည့်အတွက် အပေါ်ကနေမှ ဖြေးဖြေးချင်း သူ ဆင်းလာလိုက်တယ် ။ခြေထောက်တွေရဲ့ပျော့ပြောင်းမှုတွေသည် သူ့ရဲ့ငယ်စဉ်ကတည်းက အပြင်းအထန် လေ့ကျင့်သင်ကြားမှုတွေကြောင့် ယခုတော့ ဘဲလ်လေးအက ကနိုင်သည်အထိ ပျော့ပြောင်းနေပေတော့သည်။
သူ့ရဲ့လှပစွာ ဆင်းသက်လာမှုကို jeongin ကတော့ ငေးမော်နေမိပြီး ကိုကိုအောက်သို့ပြန်ဆင်းတယ့်အခါ အနားသို့ပြေးသွားလိုက်သည်။
" ကိုကိုချုပ်ဖို့ပေးထားတယ့်အဝတ် ... ရပြီဗျ "
" မြန်တယ်နော် "
" ဒါပေါ့ !! ကိုကို့အတွက်ကျွန်တော်အတင်းတောင်းဆိုပေးထားတာကို "
တကယ်ကိုပင် jeongin သူ့ဦးလေးအားနေ့စဉ်နဲ့အမျှအပူကပ်ပြီး ဝတ်စုံချုပ်ပေးဖို့ အမြဲတမ်းပူဆာထားသည်ကြောင့် တစ်လလောက်အချိန်ရင်းရမယ့်ဝတ်စုံက ၁၅ရက်လောက်နဲ့ အပြီးချုပ်ပြီးသွားခဲ့တယ်
" ကျေးဇူးပဲ "
ကိုကိုရဲ့ ဝတ်ကြေတန်းကြေ ပြောတယ့်စကားကိုသူစိတ်ထဲမထားဘူး ။ သူ့ကိုကိုကိုကျေးဇူးတင်တာနဲ့တင် jeongin ဟာပျော်ရွင်နေပြီပဲ။ စိတ်ရင်းမှန်တွေဘာညာကိုနောက်မှထား နည်းနည်းလေး နွမ်းလျှနေတယ့် ကိုကို့ရဲ့မျက်နှာလေးကြောင့် သူစိတ်ပူသွားရင်း

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanfictionRebirth UNI ONLY start date: Aug , 23 , 2024 end date :....