9

125 20 20
                                    

ပန်းချီကားတစ်ချက်ဖြစ်တည်လာဖို့ကို စုတ်ချက်ပေါင်းများစွာ နဲ့အဖြူရောင်ပိတ်ကာပေါ် သုတ်ချည်ရသည်။  သူ့ရဲ့ မျက်နှာ‌ ပေါ်က မေးစေ့ ‌နားမှာလဲ ဆေးရည်တွေအနည်းငယ်‌ပေနေသည်။ အေးစက်စက်နှုတ်ခမ်းပါးတွေနဲ့တည်ကြည်တယ့်မျက်လုံး ဟာ သူလက်ရှိဆွဲနေတယ့် ပန်းချီတစ်ချပ်အပေါ်မှာသာ ။ သူ့ရဲ့ တည်ရှိမှုကိုသေချာပေါင်းစပ်ကြည့်လိုက်ရင် အေးချမ်းလှတယ် ဟု ပန်းချီဆရာမ ပင်ဘေးကနေ ကြည့်နေရင်းထင်ရပေမဲ့ သူ့ရဲ့ရင်ထဲမှာတော့ ‌ဂနာမငြိမ်ဖြစ်နေတယ့်စိတ်နဲ့ ပုံရိပ်တွေကသာ ရှိနေတယ် ။ ဦးနှောက်ထဲက အဖြစ်အပျက်တို့က ပို၍ များပြားလာလေ ပန်းချီကားထက်က ပုံရိပ်ဟာလဲပိုထင်ဟပ်လာလေပင်။  ‌

နောက်ဆုံးတော့ရုပ်လုံးပေါ်လာခဲ့ပြီ။ သူ သေသေသပ်သပ်လေး အပြီးသတ်လိုက်ပြီးတယ့်နောက်မှာ စုတ်တံကိုချလိုက်ကာ ထိုပန်းချီကားထဲက မျက်နှာကိုစူးစိုက်ကြည့်လိုက်သည်။

"ဝါးးးး hyunjin တစ်နေ့ထက်တစ်နေ့လက်ဇောင်းထက်လာတာများ  သင်ပေးရကျိုးနပ်လိုက်တာ၊ ဒါနဲ့ အဲ့ဒါဘယ်သူ့ပုံလဲ ?"

"...."

ဆရာမဟာ ဘေးကနေလက်ခုပ်လေးတီးပေးရင်း ပန်ချီးထဲက လူကိုကြည့်ရင်းပြောသည်။ 

" ရည်စားလား ဟင် "

" မဟုတ်ပါဘူး "

" ဪ ... ဒါဆို ကြိုက်နေရတယ့်သူလား "

" အဲ့လိုလဲမဟုတ်ပါဘူး "

" ဟုတ်လား... အဲ့ဒါဆို ဒီကောင်မလေးက ဘယ်နန်းတွင်းဇတ်ကားထဲက အိမ်တော်သခင်မလေးလဲ "

ပန်းချီထဲက ပုံရိပ်သည်ကာ တကယ်ပင် နန်းတွင်းအိမ်တော်သခင်မလေး တစ်ယောက်ရဲ့ ပုံစံလိုမျိုးပင်။  hanbok ကို အပေါ်က အဖြူရောင် အောက်ဂါဝန်ဟာ အနီရောင်မျိုးဖြင့် ဆံပင်အလိပ်လိပ်လေးများအား ချထားတယ့် မိန်းကလေးတစ်ယောက်။ ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင် ထိုပုံထဲမှာ မူမမှန်တာ ပါလိမ့်မယ်။ မိန်းကလေးရဲ့ ရင်နှစ်မွှာဟာ သာမာန်ထက် ပိုပြားချပ်နေတာ ။ ဒါကိုလဲ ဆရာမက သတိထားမိသွားတယ်ထင်သည်။  ချီးကျူးဂုဏ်ယူပြုံးနေရာကနေ အပြုံးတို့ရပ်ပြီး hwang hyunjin ကို ဘယ်လိုအကြိုက်မျိုး ပါလိမ့်ဟုသော အကြည့်တို့ တိတ်တခိုးပို့သလို့လာသည်။ 

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now