12

178 32 17
                                    

Yongbok ဇတ်ကွက်ထဲမှာပါတယ့်စာသားတွေကို ဖတ်နေတုန်းပင် အပေါ်ထပ်ကနေပြေးဆင်းလာတယ့် hyeon လေးက အီးးး ဆိုသောအသံဖြင့်ငိုနေလေသည်။ yongbok စာအုပ်တွေကိုချရင်း ညီငယ်လာတာ ထိုင်စောင့်တော့ လေလိုအလျင်မိမိရင်ခွင်ထဲပြေးဝင်လာတယ့် ကလေးငယ် ။ သူ ဖက်ထားလိုက်ရင်းက

"ဘာဖြစ်လာတာတုန်း "

ထိုအခါတွင်ပင်အိမ်အပေါ်ထပ်ကနေ မပေါ့မပါးကြီးနဲ့ လိုက်လာတယ့် hyeon အမေဟာ အောက်သို့ဆင်းလာပြီး

" ဒီမှာလေ အမေများနေ့မှာ အမ ကပွဲမသွားနိုင်ဖြစ်သွားရတာကို ဂျီကြနေတာ ၊ ချော့လို့လဲမရဘူး "

ပြောရင်း hyeon အမေဟာ သူတို့ထိုင်နေတယ့်အရှေ့က ဆိုဖာမှာဝင်ထိုင်လေသည်။ yongbok မိမိရင်ခွင်ထဲက ကလေးငယ်ကိုကြည့်လိုက်တော့အခုထိမျက်ရည်တွေက မတိတ်သေး၊ ဒီကလေးဘယ်လောက်တောင်မျှော်လင့်ထားလို့လဲ ။

" အမက ဘာလို့မလိုက်ဖြစ်တာလဲဟင် "

" အဲ့နေ့ og ပြရမှာမို့ပါ ... အရေးလဲကြီးတော့လေ နောက်အပတ်ထပ်ချိန်းလို့လဲမရဘူး ... ဖြစ်ချင်တော့ hyeon ကလဲအဲ့နေ့မှ ကျောင်းမှာအမေများနေ့ ကိုယ် national အဝတ်အစားပြပွဲလေးတစ်ခုကျင်းပမယ် စီစဉ်ထားကြတာ ... အစကအမလဲ လိုက်မလို့ အင်္ကျီတောင်ပြင်ပြီးသွားပြီ ၊ ဒါပေမဲ့အခြေအနေကမပေးတော့ဘယ်တတ်နိုင်ပါ့မလဲ မသွားနိုင်ဖြစ်ရတာကို မင်းညီက ငိုနေတာ ... ဆုံးမလို့လဲမနိုင်ဘူး"

" ‌အဖေကရော် ?"

" မင်းတို့အဖေက‌တော့သိတယ့်အတိုင်း ဒီရက်ပိုင်း Nexwave Innovations ကုမ္ပဏီ နဲ့စာချုပ်ကိစ္စတွေအလုပ်များနေတာ သူကပိုတောင်မအားသေး"

" ဟင့် ! ဟင့် !"

ပြောနေတုန်းပင် hyeon လေးကပိုငိုပြန်သည် ။

" တိတ်ပါကွာ ... ညီငယ်က လိမ္မာတယ့်ကလေးလေးဟာ ဘာလို့အဲ့ကိစ္စလေးနဲ့ငိုနေရတာလဲ "

" ဟင့် ! ကျောင်းမှာ သားကို နှိမ်ကြတယ် ... သားက အဖေမရှိတယ့်ကောင်တယ့် ... အမေကလဲရုပ်ဆိုးလို့ရုပ်လုံးထွက်မပြရဲဘူးတယ့် ... သားက ဘားမှမရှိတယ့်ကောင်တယ့် "

"....." " .... ဘယ်သူပြောတာလဲ ငါ့ညီလေးမှာဒီလောက်မိသားစုတွေအများကြီးရှိတယ့်ဟာ သူတို့က ဘာကိစ္စနဲ့အဲ့လိုလာအနိုင်ကျင့်ရတာလဲ !! ညီငယ် အဲ့စကားတွေမယုံနဲ့နော် "

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now