"အွင်းပါ အိပ်အိပ် !"
" Lee yongbok"
" ဘာလဲ "
" မင်းငါ့ကိုချစ်လား ?"
"......"
Yongbok ထိုစကားကြောင့် တစ်ခဏလောက်စိတ်ထဲ ဝုန်းဒိုင်းဆန်သွားပေမဲ့ ရစ်နေသူပြောသမျှဟာ မူးနေတယ့်ကာလ လျောက်ပြောနေချင်မို့သူစိတ်ထဲမထားဘူး ။ ဒါကြောင့် တစ်ချက်လောက်ရယ်မိရင်းက
" ချစ်တာပေါ့ကွာ "
" တကယ်လား ?"
" တကယ် .."
ထိုအခါချက်ချင်းခေါင်းထောင်လို့လာတယ့် hwang hyunjin က မိမိမျက်လုံးတွေကိုသေချာစွာကြည့်ရင်း
" မလိမ်နဲ့နော် ... မင်းငါ့ကိုလိမ်ရင် ငါစိတ်ဆိုးပလိုက်မှာ "
"ဟားဟား မလိမ်ရက်ပါဘူးကြောက်ပါတယ် သခင်မလေးရဲ့ "
hwang hyunjin မူးနေလို့ lee yongbok လျော်ပြောပေးတာဖြစ်ပေမဲ့ တကယ်လဲ hwang hyunjin ကိုသူချစ်ပါတယ် ။ hwang hyunjin ဟာ သူ့ယခုဘဝမှာတော့ အရေးပါတယ်သူတစ်ယောက်ဖြစ်နေပြီပဲလေ သူမချစ်စရာဘာအကြောင်းရှိမလဲ ။
" ဒါဆို ငါလဲမင်းကိုချစ်တယ် "
Hwang hyunjin က စောနက ဆူပုတ်ပုတ်လုပ်နေတယ့်ပုံစံနဲ့မတူ ပြုံးရွင်စွာဖြင့်ထိုသို့ပြောလေတယ်။ ပြီးတယ့်နောက်မှာတော့ lee yongbok ရဲ့ပါးအား မွဟုသော အသံကျယ်ကြီးနဲ့ နမ်းသွားကာ ပခုံးပေါ် ထပ်၍ အိပ်စက်သွားတော့တယ် ။ ဘာမဆိုင်ညာမဆိုင်ကြီး ပါးနမ်းခံလိုက်ရတယ့် yongbok မှာကတော့ ကြောင်'အ နေရင်း နောက်မှအသိပြန်ဝင်ကာ hwang hyunjin အား တွန်းထုတ်ပစ်ချင်မိတယ့်အထိ ရှက်စိတ်တွေ ကြီးစိုးလာရပါတော့၏။
ဟင့်အင်းဟင့်အင်း မဖြစ်ဖူး
နောက်တစ်ခါ လုံးဝ လုံးဝ !! Hwang hyunjin ကို အရက်မတိုက်တော့ဘူး !!။သူ ဤနေရာမှာ အချိန်အတော်ကြာအထိ ထိုင်နေမိသည်။ ဘီယာလေးကိုဇိမ်နဲ့သောက်လိုက် အရင်ကသူ့ရဲ့အတိတ်တွေကိုပြန်လွမ်းလိုက်ပေါ့ ။ ဒါပေမဲ့လဲ သွေးချိုတယ့် hwang hyunjin ရဲ့အနားမှာ ခြင်တွေ လာလာနားနေတာကို သူမြင်ရသည့်အခါ မဖြစ်တော့ဘူးဟုတွေးရင်း အိပ်နေသူအား နိုးပြီး ကားပေါ်ရောက်မှ ပြန်အိပ်ခိုင်းရတော့သည်။
သူ hwang hyunjin ရဲ့အိမ်ရှိရာသို့သော မပြန်ဖြစ်ပေ။ yongbok အမှန်အတိုင်းပြောရရင် hyunjin အမေကိုကြောက်ပါသည်။ သူမရဲ့ ခန့်ညားတယ့်အရှိန်အဝါကြီးက ယောင်္ကျားလေးတစ်ယောက်ဒူးထောက်ဖို့တောင်လုံလောက်နေပြီ။ ပြီးတော့ ယခုသူ့သားက အရက်မူးမူးနေတယ့် သူ။ ထိုပုံစံနဲ့ hwang hyunjin ကို အိမ်ပြန်ပို့လိုက်လို့ကတော့ သူ ထောင်ထဲပြန်ရောက်သွားမှာကျိန်းသေတယ် ။

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanfictionRebirth UNI ONLY start date: Aug , 23 , 2024 end date :....