17

167 35 35
                                    

"ငါက lee yongbok ကိုကြိုက်နေတယ်ဆိုတာ ဟုတ်တယ်လို့အမှန်တွေကြီးပဲ "

ထိုအချိန်မှာ shijie ရော် ဒီထဲ‌မှာရှိနေကြတယ့် လူအားလုံးပါစွံအ အသံတိတ်သွားကြတော့သည် ။

" အဲ့တော့ အဲ့ဒါကမင်းနဲ့ဆိုင်လို့လား ?"

Hwang hyunjin ရဲ့လေသံဟာ တည်ငြိမ်သလောက်ပြတ်သားတယ် ၊ ဒီလေသံထဲမှာ တစ်ခုခုကိုထိန်းချုပ်နေတယ့်ပုံစံမျိုးတွေကိုလဲကြားလို့နေရပြီး ဒါကိုအားလုံးက ဒေါသတရားလို့အမည်တပ်လိုက်မယ်ဆိုရင်တော့ ကျက်သီးတွေပါထသွားကြတယ်။
Hwang hyunjin သာသူတို့အပေါ်စိတ်ဆိုးရင်ဘာဖြစ်မည်နည်း ?
တစ်ကျောင်းလုံးရဲ့ အဓိကပင်တိုင်ထောက်ပံ့စရိတ်ကိုပေးအပ်ထားရတယ့် hwang hyunjin ရဲ့အမေဟာ သူတို့မိဘတွေ အားလုံးရဲ့ အပေါ်မှာပဲ ။ သူတို့ချမ်းသာတယ်ဆိုတာ hwang hyunjin ချမ်းသာတာထက်စာရင် မြေတစ်မှုန်စာလောက်လေးပဲရှိချင်ရှိနေမှာလေ ။
နောက်ဆုံးမှာ ငွေကြေးဥစ္စာနဲ့အသိတရားရသွားကြတယ့်လူတွေက အကြည့်တွေလွဲသွားကြပြီး သူတို့အလုပ်သူတို့ပြန်လုပ်နေကြတော့တယ် ။ သူတို့က ဒီအတိုင်းဝင်ကြည့်နေသူသပ်သပ်ပါလေ မပါချင်ဘူး
တစ်ခါမှလဲမပါဖူးပါဘူး ဟုတ်တယ်မလား

အကုန်လုံးဟာ ထိုအရာကိုမျက်စိမှိတ်နားပိတ်သလိုမျိုး ကျော်ချရင်း ဘားမှမဖြစ်သလိုနေသွားတယ့်အခါမှာ shijie စိတ်ထဲကနေ စောက်သတ္တိမရှိတယ့်ကောင်တွေဟုကျိန်ဆဲလိုက်တော့သည်။ 

သူမလဲ ထိုသူတွေလိုလှည့်ထွက်သွားချင်တာပါပဲ ။ ဒါပေမဲ့ သူမရှေ့တည့်တည့်က လူဟာ ရုပ်ထုကြီးလဲမဟုတ် ။စောနကလေးတင်မှ သူမစော်ကားလိုက်တယ့် hwang hyunjin ကြီးလေ ။

" အဲ့ဒါကမင်းအပေါ်တစ်စုံတစ်ခုများသက်ရောက်သွားတာရှိလား ?"

Hwang hyunjin ရဲ့ပါးစပ်ဖျားကထွက်ကျလာသမျှစကားလုံးများသည် shijie အတွက်တော့ သေမိန့်ပေးခံရမယ့် အပြစ်သားတစ်ယောက်သဖွယ် ကြောက်ဖို့ကောင်းလို့နေပါတော့သည်။  ဒါပေမဲ့ သူမဟာ ဘယ်လောက်မျက်နှာပြောင်လိုက်လဲ
သူမမျက်နှာကြောရော် ခေါင်းကြောက ငယ်ငယ်ထဲကတင်းလာလို့ ကျောင်းမှာဘယ်သူမှလာမမွှေရဲတယ့် ကျောင်းသူတစ်ယောက်လိုမျိုးဖြစ်နေတာပါ။  သူမဟာ စောနကအတိုင်း lee yongbok တောင် hwang hyunjin ကိုပေါင်းနိုင်မှတော့ သူမကိုလဲ hwang hyunjin က သူငယ်ချင်းအဖြစ်မြင်ပေးလိမ့်မယ်။  သူမက လျော့ပေးရင်ပြေလျော့သွားမယ်ပဲထင်နေခဲ့တယ်။ ဒါကြောင့် ဘားမှမဟုတ်တယ့်ကိစ္စလိုမျိုး သူမရယ်မောလိုက်ရင်း

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now