Hotteok ( 호떡 ) ပန်ကိတ်ကို တတိတိကိုက်ရင်း အရှေ့ကနေ ဘယ်ကြည့်လိုက် ညာကြည့်လိုက်လျောက်နေတယ့် lee yongbok ရဲ့အနောက်ကို ကားဆရာဦးလေးကြီးကလဲ တကောက်ကောက်လိုက်နေရသည်။
" ဒါနဲ့လေ ဦးလေ ၊ သူတို့တွေကိုင်နေတယ့် အမဲပြားကြီးက ဘာကြီးလဲ "
အနောက်သို့လှည့်ရင်း မေးတယ့်အခါ ဦးလေးကြီးမှာကြောင်သွားသလိုဖြစ်ပြီး
" ဘာကိုပြောချင်တာပါလိမ့် ကျွန်တော်နားမလည်ဘူး "
" ဟိုမှာလေ ၊ သူတို့တွေ သူတို့တွေ ကိုင်နေကြတယ့်အပြား "
လက်ညိုး ထိုးပြတယ့်နေရာကို လိုက်ကြည့်လိုက်တယ့်အခါ လူတစ်ယောက်သည် ဖုန်းသုံးနေရင်း ပန်းခြံက ခုံလေးတစ်ခုံမှာ ထိုင်နေတာကိုတွေ့လိုက်ရတော့ပါသည်။ ထိုအခါမှ နားလည်သွားတယ့် ကားဆရာဟာ ရယ်ချမိမတတ်ပင်ဖြစ်သွားပေမဲ့ ထိန်းချုပ်လိုက်ရင်းသာ ပြန်ဖြေတယ်။
" အဲ့ဒါ ဖုန်းလို့ခေါ်ပါတယ် "
" ဖုန်း ? ... အဲ့ဒါ ဘာလဲဟင် "
".... Yongbok မသိတာတွေအရမ်းများသာပဲ ၊ အိမ်ရောက်ရင် ကျွန်တော်ရှင်းပြပါ့မယ် ၊ ပြီးတော့ yongbok ဆီမှာလဲ ဖုန်းတစ်လုံး ရှိတယ်လေ ... "
"ဟုတ်လား ? "
ဪ ဒါဆို အဲ့ဖုန်းဆိုတယ့်အရာက အရင်မူလ yongbok ကိုင်ခဲ့တယ့် ဟာဖြစ်မယ်။ yongbok လဲခေါင်းညိမ့်ပြတော့
" ဒါဆို အိမ်ပြန်ကြမလားဗျ ၊ ဆေးရုံးက ဆင်းတာနဲ့ သူဌေးက အိမ်ကိုချက်ချင်းလာဖို့မှာထားခဲ့တာ ကျွန်တော်တို့ လမ်းမှာ ကြာလို့မရဘူး "
" နေပါအုံး ၊ ကျုပ် ထပ်သွားကြည့်ချင်သေးတယ် ...ဟော် ဟိုမှာ ဟိုဆိုင် ဟိုဆိုင်က ဟာ စားကြည့်ချင်တယ် "
Yongbok ဟာ ပြောပြီးတာနဲ့ ချက်ချင်းပဲအရှေ့သို့တန်းလှည့်ကာ ထွက်ပြေးသွားတယ်။ ကားဆရာဟာလဲ သူ့အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ဖို့ဆုံးဖြတ်ပြီးသာပေမို့အနောက်ကနေ တကောက်ကောက် ။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ ကားဆရာကြီးရဲ့ဖုန်းထံကနေ ရုတ်တရက် အဝင် call ဝင်လာတယ့်အခါ သူ့မှာ yongbok နောက်လိုက်နေတာကိုခဏ ရပ်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်တယ်။ yongbok အဖေဆီကမို့ ချက်ချင်းကောက်ကိုင်လိုက်တော့

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanfictionRebirth UNI ONLY start date: Aug , 23 , 2024 end date :....