နှင်းကျနေတယ့် ဒီဇင်ဘာည ၃၀ရက်နေ့ ရဲ့ ညအချိန် ။
ပျော်ရွင်စွာစားပွဲသောက်ပွဲတွေဖြင့် ကျင်းပပြုလုပ်ရမည်ဖြစ်သောလဲ သူ့အတွက် ဒါတွေက အရေးမပါသလိုမျိုး ၁၆ထပ်တိုက်ရဲ့ ခေါင်းမိုးပေါ်တည့်တည့်မှာ သူအချိန်အကြာကြီးထိုင်နေမိတယ် ။
နှင်းတွေကျနေပြီး သူ့ရဲ့ လက်တွေ ရော ခြေထောက်တွေပါ ခိုက်တုန်အောင်ချမ်းနေပေမဲ့ သူဝတ်ထားတာများကအနွေးထည်အပါးလေးတစ်ထည်သာ ။ ပါးလွှတယ့်ပန်းရောင်ချည်ဖြင့်ထိုးထားတယ့် အနွေးထည်လေးက နှင်းကျရလောက်တယ့်အထိ အေးတယ့် ရာသီဥတုအပေါ်တော့အန်မတုနိုင်ပါပေ။
ဒါပေမဲ့လဲ သူ ထ မသွားသေး
သူ အဲ့နေရာမှာပဲ ခဲသေပါစေ ဆုတောင်းနေမိသည်။
လောကကြီးမှာ သူ့အတွက်နေစရာနေရာမရှိတော့လောက်အောင် ခိုနားစရာမရှိတော့လောက်အောင် ဖြစ်တယ့်အထိ ဖြစ်နေတယ့် သူ့ရဲ့အခြေအနေမှာ သူတောင်းတမိတယ့် နာမ်မ ကာ အမေ တယ့်သူ့မိခင်ကိုသူလွမ်းစိတ်တို့ကလဲ အနာပေါ်တုတ်ကျသလိုဖြစ်သွားတော့ မျက်ရည်တွေက ထပ်၍ တားကျိုးသလိုသာ ။
သူ ရှက်တယ် သူရှက်လွန်းလို့ သေချင်တယ် ... ဒီလိုပုံစံမျိုးနဲ့ အဖေရဲ့မိသားစုဆီသူ ပြန်မသွားရဲ ။
အဲ့ကရော် သူ့ကိုလက်ခံပါတော့မလား ?
ထပ်၍ ဖြစ်ပျက်သွားတယ့်အကြောင်းအရာတို့ကိုတွေးလိုက်တယ့်အခါ အရင်ကနေခဲ့ဖူးတယ့် အမေနဲ့အိမ်လေးဆီပဲပြန်ပြေးချင်တော့တယ့်စိတ်ပဲရှိတော့တယ်။ဘယ်လိုလုပ်ရမလဲ အမေရယ် ၊ သားကို လက်ခံပေးမယ်သူ့က အမေပဲရှိတော့တာ ။
စိတ်ထဲကနေတွေးရင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည် ။
ဒါမှမဟုတ် အမေနဲ့အတူ သား လိုက်ခဲ့မယ်လေ ။
သူ့အတွေး ရေရေလေး ပေါ်လာတယ့်အခါ အရင်က ဖြတ်သန်းခဲ့ရဖူးတယ့် သူ့ရဲ့ပျော်ရွင်ခြင်းမှတ်ဉာဏ်တစ်ထောက်စာလေးများသည် သူ့မျက်လုံးထဲပြန်မြင်ယောင်လာသည် ။
အမေရဲ့ အိမ်ဆိုင်လေးကို ဝိုင်ကူပေးရင်း အမေချက်ပေးတယ့် ထမင်းတွေကိုပျော်ပျော်ကြီးစားပြီး ကျောင်းတတ်ခဲ့ရတာတွေ ။
အမေ့ရင်ခွင်ထဲ အိပ်စက်ပြီး အပူအပင်မရှိ ကုန်ဆုံး ခဲ့ရတယ့် ကလေးဘဝနေ့ရက်တွေ။ အမေရဲ့ ညအိပ်ပုံပြင်လေးများကို သားထပ်နားထောင်ချင်သေးတာ ။

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanficRebirth UNI ONLY start date: Aug , 23 , 2024 end date :....