18

118 35 25
                                    

အဝတ်လဲပြီးသွားတယ့်နောက်မှာတော့ yongbok အဝတ်ခဲခန်းထဲကနေထွက်လာခဲ့ရင်း ထိုင်စောင့်လို့နေတယ့် hwang hyunjin ဆီသွားလိုက်တယ်။ သူစကားပင် မပြောရသေးပါ သူ့ခေါင်းပေါ်ကိုနူးညံ့ကာ မွေးအိနေတယ့် သပတ်တစ်ထည်ဖက်ခနဲကျရောက်လာလေပြီး hwang hyunjin ဟာ ခေါင်းကို သုတ်ပေးနေတော့ပါ၏။

" ဘာလို့ဒီအထိမိုးရေစိုရွဲနေအောင် လာရတာလဲ ကားမပါဘူးလား "

" ကားက မလာလို့လေ အဲ့ဒါစိတ်မရှည်တာနဲ့ပြေးလာတာ "

ထိုစကားကြောင့် hwang hyunjin က နားမလည်သလိုကြည့်တော့ yongbok ဟာဟီးခနဲတစ်ချက်ရယ်ပြကာ

" မင်းနေမကောင်းဘူးဆိုလို့လေ "

"....."

"ပြစမ်း !"

Hwang hyunjin သတိလက်လွတ်ဖြစ်နေတယ့်အချိန်မှာပဲသူ့လည်ပင်ဆီသို့အေးစက်တယ့်လက်ဖျားလေးတွေနဲ့ လာစမ်းတယ့် lee yongbok က

" အွင် ကိုယ်ပူနည်းနည်းတော့ရှိနေတာပဲ "

" .... "

" ဟို ... မင်း ဘာစားပြီးပြီလဲဟင် "

Yongbok ယခုချက်ချင်းကြီး အရှေ့ကကောင်လေးကို တောင်းပန်စကားမပြောရဲသေးချေ ၊ ဘာပဲဖြစ်ဖြစ်အာလာဘသလာဘလေးတော့မေးရမှာပဲမဟုတ်လား ။ သူမေးတော့ခေါင်းခါတယ့် hyunjin က

" စားချင်စိတ်ပျောက်နေတယ် "

ဟု အေးဆေးစွာပြောရင်း သူ့ခေါင်းအား ရေဆက်သုတ်ပေးနေပါ၏။

" နေမကောင်းတယ့်သူက အစားတွေအများကြီးစားသင့်တာပေါ့ "

"....."

" ဘာစားမလဲ ငါဘာချက်ကျွေးရမလဲ "

" တကယ်လား "

" အွင် ! ငါက ဟင်းချက်တယ့်နေရာမှာတော်တယ်လေ မင်းမေ့နေတာလား ‌၊ ပြော ငါဘာချက်ကျွေးရမလဲ "

တကယ်တော့ hyunjin မမေ့ပါဘူး ။ သူက lee yongbok ချက်တယ့်ဟင်းမှန်သမျှစားချင်ရုံသာ ။ သူ မငြင်းပဲ

" ဘာဖြစ်ဖြစ်ရတယ် "

ဟုပြောလိုက်တယ်။ 

သန့်စင်ပြီးကြက်သားကို လှီးပြီးတယ့်နောက်မှာ Light soy နှင့်အခြား အစာပလာများကိုအတူနယ်ပြီးနပ်လိုက်တယ်။ နွေးနွေးထွေးထွေးနေလို့ရအောင် hwang hyunjin က သူ့ကို ဝတ်ထားတယ့်အင်္ကျီအပေါ်တွင်ပင်ထပ်၍ ဆွယ်တာအနီအား ထပ်ဝတ်ခိုင်းထားသော်လဲ ယခုတော့ ထိုဆွယ်တာလက်ရှည်အား ခေါက်တင်ထားရလေပြီ။ ဂျင်းပါးပါး ကြက်သွန်မြိတ်ပါးပါး တို့ကိုလှီးပြီးနောက်ဆန်ကို သေချာဆေးကာ ရေဖြင့်ပြုတ်လိုက်တယ်။ ကြက်သားဆန်ပြုတ်လေးတစ်ခွက်ကတော့ hwang hyunjin အတွက်အသင့်တော်ဆုံးဆိုတာ သူသိပေမဲ့ သူပို၍ထပ်ချက်ကျွေးချင်မိတာတော့ အမှန်ပင်ဖြစ်သည်။

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now