3

162 24 7
                                    

" ဝါးးးးး ကောင်းလိုက်တယ့်အိမ်ကြီး "

တစ်ယောက်ထဲရေရွတ်နေရင်း သူ့ရဲ့ကားတံခါးကို ကားဆရာကြီးဟာ ဖွင့်ပေးသည်ကြောင့် Yongbok သည် ကားထဲကနေ မင်းသားလေးတစ်ယောက်လို သူ့ကိုယ်သူတောင်ထင်မှတ်မိတော့တယ်။ 
ဒါသူနေရမယ့်နေရာပေါ့လေ ?
သူတွေ့မြင်နေခဲ့ကြ အိမ်ကြီးအိမ်ကောင်းပုံစံမျိုးမဟုတ်ပဲ ခေတ်သစ်လက်ရာဖြင့် တည်ဆောက်ထားတယ့် အိမ်ကြီးဟာ ခြံကြီးနဲ့ဝန်းကြီးနဲ့ သူ့ရှေ့တည့်တည့်မှာ ။
သူ မစောင့်နိုင်တော့တယ့်အတွက် ခြံတံခါးကိုဖွင့်လိုက်ပြီး အိမ်ထဲသို့ဝင်လိုက်တယ်။

ပန်းပင်လေးများ ပျိုးထားသည့် ခြံထဲမှာလဲ ထိုင်လို့ရတယ့်ခုံလေးရှိနေကာ ခုနကမှ သူလည်ခဲ့တယ့်နေရာနဲ့ ဆင်တူကြောင်း yongbok မှာစဉ်းစားမိပေ၏ ။ သူ ယခုနင်းနေရတယ့် မြက်ခင်းစိမ်းတွေဆိုတာ အရင်းက ဝန်မင်းတို့အိမ်မှာ ရိတ်ခဲ့ရတယ့် မြက်ပင်များနဲ့တူပါသည် ။ သူ ကြည့်နေရင်း မည်မျှပင် ချမ်းသာခြင်ဟာ ပြီးပြည့်စုံကြောင်းကို တွေးမိလိုက်တယ်။ 

ဘုတ် !

ထိုစဉ် မိမိခြေထောက်နားသို့ ‌ဖြတ်သန်းလာတယ့် ဘောလုံးလေး တစ်လုံး ၊ သူ ကောက်ယူလိုက်တော့ အနားသို့အလျင်အမြန်ရောက်လာတယ့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ဟာ အမောတကာဖြင့်။ 
ဝတ်စားထားပုံက‌လဲ သန့်သန့်လေး နဲ့ ဆီဖြင့်ဖိခံထားရသည့် ဆံပင်လေးများ နှင့် ၆နှစ်အရွယ်ထိုကလေးဟာ သူ့ကိုမြင်တော့ ခြေလှမ်း‌တို့ ရပ်တန့်သွားသည်။ မျက်လုံးများက သူ့ကိုတွေ့လိုက်ပေမဲ့ ဝမ်းမသာတယ့်အပြင် ခပ်ရို့ရို့လေး ဖြစ်နေသေးတော့ သူ သူ့လက်ထဲက ဘောလုံးကိုပုတ်ပြလိုက်တယ်

" မင်းဟာလား ?"

ခေါင်းညိတ်ပြတယ့် ကောင်လေးဟာ ပြောပြီးတာနဲ့ချက်ချင်း တစ်ခုခုကိုကြောက်ရွံ့သွားသလို အမြန်အိမ်ထဲသို့ဝင်ပြေးသွားပါ၏ ။

" ဟေ့ ! မင်းဟာဆို ဘာလို့လာမယူတာလဲ မယူတော့ဘူးလား ?"

လှမ်းသာအော်နေခဲ့ပေမဲ့ မရတော့ပေ ။ ကလေးငယ်ဟာ အိမ်ထဲသို့ဝင်ပြေးပြီးပြန်ထွက်မလာတော့ပြီသာ ။ ထိုအချိန် အနောက်တွင်ခုနက ကားဆရာဦးလေးကြီးဟာ လိုက်ပါလို့လာပြီး မိမိကို အိမ်ထဲသို့ လိုက်ပို့လေသည် ။

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now