6

131 20 14
                                    

အကလေ့ကျင့်ပြီးသွားကြတယ့်အခါ အကုန်လုံးဟာ အိမ်ကိုယ်စီမပြန်ကြသေးပဲ အအေးဆိုင်တစ်ဆိုင်မှာ ထိုင်ရင်း felix ရဲ့ လုပ်ချင်တယ့်ပုံစံနဲ့ အက တွေကိုနားထောင်ကြတယ်။ တော်တော်များများက စောနကနဲ့မတူပဲ သဘောတူကြတာများတာမို့ shijie ကလဲ ဘာတစ်ခွန်းမှဝင်ကန့်လန့်မတိုက်တော့ဘူး ။ သူတို့ ဆွေးနွေးပြီးသွားကြတော့ လိုချင်တာရလိုက်တယ့် felix အပြုံးသေးသေးလေး နှုတ်ခမ်းထက် ဖြစ်လို့နေတာကို jeongin သတိထားမိသေးပါရဲ့ ။

ထိုလူသား ပျော်ရွင်နေရင်ကို သူဗိုက်ပြည့်သလိုမျိုးပင် ။ felix နဲ့ပက်သက်၍လဲ ပျော်ရွင်ခြင်းတွေကြီးပဲ ထိုလူသားဆီမှာရှိစေချင်၏။  ဒါက ခိုင်မာတယ့်အကြောင်းပြချက်မျိုးဆိုတာမရှိပဲ ထိုသူကိုသာ ထိုသူအပေါ်ကိုသာ ယုံကြည်ချက်တွေ အချစ်တွေပေးသလိုမျိုးပဲ သူ့ကိုသာ jeongin ဘဝ တစ်လျောက်လုံး ကြည့်နေချင်သည်သာ ။
ကိုကိုဟာ သူရဲ့စွဲလမ်းမှုတို့အစတည်ရာ ဆေးလိပ်တစ်လိပ်လိုပါပဲ
စစတွေ့ချင်းထဲက ထိုစွဲလမ်းမှုတွေဟာ သူ့ကို မစွဲလမ်းရမနေနိုင်သော ဆေးဝါးတစ်မျိုးအလာ ။ သူသည်ပင် ထို ဒုက္ခပင်လယ်ထဲ နစ်မှန်းမသိ နစ်ခဲ့ရတာတောင်မှ jeongin ကိုကို့အပေါ် စွဲလမ်းမှုတွေကို ‌‌ဖြေဖျောက်ဖို့ ခက်နေပါသေးသည် ။

အရှေ့သို့ကျနေတယ့် ရွှေအိုရောင်ဆံချည်မျှည်တွေကို သူသာ ထိတွေ့ခွင့်ရရှိမယ့်သူဆိုရင် တယုတယနဲ့သပ်တင်ပေးလိုက်ချင်တယ်။  အအေးလေး ‌ငုံလောက် သူများတွေ စကားကိုနားထောင်လိုက် လုပ်နေတယ့် felix ကို jeongin ‌မေးထောက်၍ ကြည့်ရင်းနဲ့ အပိုင်လိုချင်တယ့်စိတ်တွေ တစ်ဖန်ပြန်ကြီးစိုးလာပြန်တယ်။  သို့သော် ... ယခုမှ အစပိုင်းပဲရှိသေးတယ့် သူတို့နှစ်ယောက်ဆက်ဆံရေးမှာ သူဘက်က အများကြီး ရှေ့ဆက်လျောက်ရမှာတွေရှိတယ်မဟုတ်လား ။ အရိုင်းဆန်တယ့်အတွေးပွားတွေကိုရေနဲ့ ငြိမ်ထုတ်လိုက်ကာ jeongin အရင်အိမ်သို့ပြန်လာခဲ့လိုက်သည်။

သူ အိမ်သို့ပြန်ရောက်တော့ အချိန်က တော်တော်တောင်နောက်ကျနေပြီဖြစ်၏ ။ အိပ်ခန်းထဲကိုဝင် ရေမိုးချိူးကိုယ်လက်သန့်စင်ပြီးတယ့်အခါ သူ သပတ်တစ်ထည်ကို ကိုယ်တစ်ပိုင်းဖုံး ဝတ်ဆင်ရင်း ခေါင်းကိုရေခြောက်အောင် သုတ်လိုက်သည် ။ ပြီးတယ့်နောက်မှာ တစ်ခုခုကိုသတိရစွာဖြင့် ကွန်ပျူတာကို ဖွင့်လိုက်တော့ ကွန်ပျူတာရဲ့ screen ထက်မှာ ရွေအိုရောင်ဆံနွယ်တွေကိုတစ်ဝက်ချ၍ စည်းထားကာ ‌ရွင်ပြစွာပြုံးနေတယ့် felix ရဲ့ ပုံက ပေါ်လာပါ၏။  ဒါက သူ felix ကျောင်းမှာ ရှိတုန်းက ခိုးရိုက်ထားတယ့်ပုံပင် ။ သူ ကိုကို့ပုံရိုက်ဖူးသမျှတွေထဲမှာ အလှဆုံးဟုထင်တာမို့ ဒီမှာထားထားတာ
သူ  တစ်စုံတစ်ယောက်ဆီ စာရိုက်လိုက်သည်။

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now