20

333 48 22
                                    

၉နာရီထိုးခါနီးတွင်တော့ ဘောလုံးကွင်းထဲက ပွဲသဘင်ကြီးဟာပြီးဆုံးသွား‌ခဲ့လေပြီ။ အဆိုအက ဖန်တီးမှုပြကွက်ဆန်းတွေ ရှူ့မော်ဖွယ်ရာ ပြဇတ်တွေက ပရိတ်သတ်တွေရင်ထဲကိုတစ်ခုမှမဝင်ခဲ့သည်ဆိုတာမရှိ။ အကုန်ကြိုးစားခဲ့ကြတာကြီးသာ။ သို့သော် အနိုင်ရရှိမယ့် အဖွဲ့ကတော့ တစ်ဖွဲ့သာ ။ ထိုတစ်ဖွဲ့တည်းကသာ ပြည်ပ scholarship တွေအားအခမဲ့ရရှိမည်ဖြစ်သည်။ ဒါကအနာဂတ်နဲ့လဲသက်ဆိုင်တယ်လေ။ သူတို့တွေထဲမှာ အဆင်မပြေတယ့် အကြောင်းအရာမျိုးစုံနဲ့ပြည်ပထွက်ချင်သူတော်တော်များများလဲရှိတယ့်အတွက်ယခုဆုဟာ တန်ဖိုးကြီးလွန်းတယ်။ အနာဂတ်အိမ်မက်တွေအပြည့်နဲ့ရရှိမယ့် ဆုကိုနောက်ဆုံးမှာ အားလုံးမျှော်မှန်းကာ ရရှိရေးအတွက်ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ ဒိုင်အဆုံးအဖြတ် ပရိတ်သတ်မဲအရေအတွက် တွေနဲ့အတူ ရရှိသွားခဲ့တယ့်အဖွဲ့ရဲ့နာမည်နဲ့ရလဒ် ထွက်ပေါ်လာခဲ့သည်။

အဖွဲ့နာမည်တစ်ခုအား စင်ပေါ်ကနေ ကြေညာလိုက်ပေမဲ့ yongbok မကြာလိုက်ရဘူး ။ သူ့တို့အဖွဲ့ဟာစတိတ်စင်ကြီးရဲ့နောက်မှာနည်းနည်းရောက်နေတယ်။ ဘေးပတ်ဝန်းကျင်မှာလဲ စကားတွေပြောနေကြတယ့် အသံတွေ ပရိတ်သံ အသံတွေနဲ့ဆူဆူညံနေတာကြောင့်သူ့နားထဲမှာမိုက်နဲ့ တိုးဝင်လာတယ့်အသံတောင်တိုးမပေါက်နိုင်ဘူးလေ။ ဒါကြောင့် သူ ခြေဖျားလေးထောက်ရင်း အရှေ့ကိုမော့ကြည့်လိုက်သည်။ အရပ်ဟာ သူ့အနေနဲ့ဆိုအရှေ့က ပြိုင်ပွဲဝင်များနဲ့ယှဉ်ရင် အနည်းငယ်ပုနေသည်ကြောင့် ဘယ်လိုကြည့်ကြည့်မမှီပေ။
သူ ဘေးနားက hwang hyunjin ကိုလက်လှမ်းပုတ်လိုက်သည် ။

" ဘာလဲ "

" ဘယ်သူရသွားတာလဲ "

လက်ခုပ်တီးပေးနေတယ့် hwang hyunjin က yongbok ရဲ့စကားကိုမကြားဟန် ခေါင်းကိုငုံ့ပေးတယ်။

" ဘယ်သူရသွားတာလဲလို့ "

Yongbok ထပ်မေးလေတော့ အရှေ့ကိုတစ်ချက်သာကြည့်ပြီး hyunjin ကပြောတယ် ။

" မင်းညီလေ "

" ဟေ !"

" မင်း ညီ lee felix ရသွားတာ "

" Lee felix လား တကယ်နော် ! တကယ် felix လား "

Hyunjin ကခေါင်းညိတ်ပြတော့ yongbok ပျော်ရွင်စွာ ထခုန်ပေါက်လိုက်မိသည်။ သူ့မှာ ဘေးတစ်ဖက်တစ်ချပ်ဆီက အဖွဲ့သားတွေရဲ့ညိုးငယ်တယ့်မျက်နှာလေးတွေကိုတောင် ဂရုမစိုက်နိုင်ပါပဲ ဖြစ်လို့နေပြီး နောက်ဆုံးမှာတော့သူ့အပြုအမူကို ဆင်ခြင်လိုက်ကာ ပြုံးနေတယ့်မျက်နှာကို သပ်လိုက်သည်။

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now