11

61 18 12
                                    

" ဟင့် ! ရွတ် ! "

"ကျစ် ... ငိုမနေနဲ့တော့ ! မင်းအမေအပေါ်မှာအိပ်နေတယ်မဟုတ်လား တိတ်တိတ်နေလေ !"

Hyeon ဟာ ဆိုဖာရဲ့ဘေးတစ်ဖက်မှာထိုင်ပြီး တရှုံ့ရှုံ့ငိုနေတာ တော်တော်ကြာပြီဖြစ်တာကြောင့် felix မှာစိတ်တွေမရှည်တော့ဘူး ။ နဂိုထဲကကလေးဆိုမုန်းရတယ့်ကြားထဲ အဖေ့ရဲ့မယားပါသားကပါ ထိုသို့လာငိုနေလေတော့ စိတ်ကရှုပ်လာသည်။

ထိုကလေးဟာ felix ရဲ့ဆူငေါက်လိုက်မှုကြောင့်မျက်နှာလေးပိုငယ်သွားပြီး ငိုနေတာကိုအတင်းသည်းခံကာ မျက်ရည်တွေကိုသူ့လက်လေးဖြင့်ကောက်သုတ်နေတယ်။ အရင်တုန်းကကြ သူတို့ညီအကိုနှစ်ယောက်အနားမကပ်တယ့် ထိုကောင်လေးက ယခုတလောတော့ ဟိုကောင် lee yongbok နဲ့အမြဲတမ်း တပူးပူးတတွဲတွဲဖြစ်နေသည်။ အရင်တုန်းက yongbok က hyeon ကို felix ထက်တောင်ပိုမုန်းခဲ့တာမဟုတ်ပေဘူးလား ။ ယခုကြမှသာ ညီတစ်ယောက်လိုချစ်ပြနေပုံက သိပ်ရွံစရာကောင်းတယ်။ ဒီကောင်လေးကလဲ အစ်ကိုမေတ္တာလေးနည်းနည်းလောက်ရလိုက်တာနဲ့ ကိုကို ကိုကိုဆိုပြီးဖြစ်နေတာ အမြင်ကပ်ပါ၏ ။
felix စိတ်ပျက်စရာကောင်းလိုက်တာဟူသော မျက်လုံးမျိုးဖြင့်ထိုကလေးလေးကို ကြည့်ရင်း မျက်လုံးတွေကို TV ဘက်ပြန်ထားလိုက်သည်။
တကယ်ကိုပင် lee yongbok ထိုသို့အထိလုပ်လိမ့်မယ်မှန်းသူတကယ်မထင်ထားခဲ့ပါ ။ kyubok က သူ့ကိုဘယ်လောက်ပဲ မုန်းအောင် စနောက် စနောက် သူက ဘားမှမှပြန်မလုပ်ခဲ့တာ ။ အခုတော့ဖြင့် yongbok မှာအရင်က သည်းခံထားတာတွေကိုပြန်ဖွင့်ထုတ်ပစ်တာလားတော့မသိပေ ။ ဒါပေမဲ့ ထူးဆန်းတာက Yongbok ဟာအရင်လိုမဟုတ်တော့ပဲ တော်တော်လေးကိုပြောင်းလဲသွားတာဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ်သူပြောင်းလဲတယ်ဆိုရင်တောင် အခုလိုရန်တကာပတ်ဖြစ်နေတာကြီးကတော့မကောင်းပေ။ felix အဖေ ဘယ်လိုဒုက္ခများအုံးမလဲတောင်မသိ lee yongbok လုပ်တာနဲ့ ။

ပြောမဲ့သာပြောရတာ အဲ့ကောင်တကယ်ထောင်ကျသွားရင်ရော် ?
Felix ထိုအချက်ကို အလေးအနက်တွေကြည့်မိလိုက်တယ့်အခါ စိတ်ထဲအနည်းငယ်မတင်မကျဖြစ်သွားရရှာတယ်။ အဲ့လိုတော့မဖြစ်လောက်ဘူးမဟုတ်လား ... သူတကယ်ထောင်ထဲဝင်ရတော့မှာလား ..
သူ တိုင်ကပ်နာရီပေါ်အကြည့်တွေကိုရောက်တော့ ညနေ ၃နာရီခွဲလောက်ရှိနေပြီ ။ အဖေ ကုမ္ပဏီကိုမသွားပဲ ရဲစခန်းကိုလိုက်သွားတာ မနက်ထဲက ။ မနေ့ကလဲ lee yongbok ပြန်ပါမလာဘူး
Felix စိတ်မချတော့တာနဲ့ ဘေးနာက ချထားတယ့် ဂျက်ကင်ထည်ကို ဝတ်ရင်း အပြင်သို့ထွက်ဖို့ပြင်လိုက်တယ် ။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now