15

151 35 16
                                    

တူညီဝတ်စုံနက်တွေဖြင့် လူများဟာ ခန်းမထဲမှာဆူဆူညံနေသည်။ ကန့်တော့ပွဲစဉ်နေရာမှာ သူဒူးထောက်လိုက်ပြီး အရှေ့က ဓါတ်ပုံပေါ်ကလူကိုအရိုအသေပေးလိုက်တယ်။

" အမေက ကျွန်တော်တို့ ဘဝအတွက်တော့ မီးအိမ်ရှင်ကြီးပါပဲ ... သူမရှိပဲကျွန်တော်ဆိုတာဒီနေရာမှာရောက်နေမှာမဟုတ်ပါဘူး "

" ကျွန်မဒီခံစားချက်ကိုနားလည်ပါတယ် ... မိဘဆုံးရှုံးရတာက ကိုယ့်ဘဝရဲ့အထောက်အတိုင်ကြီးတစ်ခုကို ဆုံးရှုံးရသလိုပဲလေ "

အမေက  yongbok အဖေကိုသူ့ရဲ့ဆုံးရှုံးမှုအတွက်နှစ်သိမ့်တယ်။  ဒါကစိတ်ရင်းနဲ့လား ဘာလဲဆိုတာ သူမသိဘူး ။ ဒီအခန်းထဲမှာရှိနေကြတယ့် လူတွေအားလုံးသည်လဲပဲ ဤနေရာကို ဆွေးနွေးပွဲလိုမျိုး မတွေ့တာကြာပြီဖြစ်တယ့် မိတ်ဆွေအချင်းချင်း ယခုမှတွေ့ရသလိုတွေဖြင့် စကားတွေဖွဲ့မိတ်တွေဖွဲ့နေကြတယ်။ မသိရင် ဤနေရာတစ်ခုလုံးဟာ အခေါင်းကြီးသာမရှိရင် မိတ်ဆုံစားပွဲတစ်ခုလိုပဲ။ 
သူကန်တော့တယ့်နေရာမှာ ထိုအသံတွေက နည်းနည်းအနှောက်အယှက်ဖြစ်ပေမဲ့ သူ အာရုံသေချာစိုက်ရင်း နောက်တစ်ခေါက်ကန်တော့လိုက်တယ်။ 
ပြီးတယ့်နောက်မှာ yongbok အဘွားရဲ့ ကွယ်လွန်သူဓါတ်ပုံအနားသွားရင်း အမွှေးတိုင်တစ်ချောင်းထွန်းကာစိုက်ပေးလိုက်ပါ၏ ။ ထို့နောက်တွင်တော့ hwang hyunjin yongbok ရဲ့အဘွားဓါတ်ပုံကိုသေချာကြည့်ကာ

"ဘွား .... ကျွန်တော်စိတ်မကောင်းပါဘူး ၊ lee yongbok က အဘွားကိုတော်တော်ချစ်တာတော့ အဘွားသိမယ်ထင်တယ် ..... ကျွန်တော် အဘွားကိုနောက်ဆုံးတွေ့ဆုံခြင်းမှာ ပြောပြချင်တာတွေအများကြီးပဲ "

Hwang hyunjin ရဲ့အသံဟာတည်ငြိမ်ကာတိုးလျှလွန်းတယ် ။သူ့ကိုယ်သူမှလွဲ၍ဘယ်သူမှမကြားနိုင်။ သူ ခေါင်းကို ငုံ့ချလိုက်ကာ

" ကျွန်တော် ဘွားရဲ့မြေးကိုချစ်တယ် ၊ lee yongbok ကို ကျွန်တော်လက်ထပ်ချင်တယ် ဘွား ... "

သူ့စကားတွေဟာ ပြန်ပြောသူမရှိသလိုမျိုး လေဟာနယ်ထဲမှာသာပျောက်ကွယ်သွားပြီး ကျန်တာတွေကတော့ အခန်းထဲက စကားသံတွေကြားမှာ တိုးတိတ်စွာ ပျောက်ဆုံးသွားကြတယ်။
ဟုတ်တယ် ဒီစကားဟာ သူ့ရင်ဟိုးအဆုံးမှာ နစ်မြုပ်ထားခဲ့တယ့်စကားသံတွေသာဖြစ်ပြီ ယနေ့တော့ ပထမဦးဆုံးအကြိမ် yongbok ရဲ့ ချစ်ရတယ့်အဘွားဆီသူအသိပေးမိလိုက်တယ် ။ နောက်ဆုံးခရီးမှာတော့ hyunjin သူ့ရဲ့ စိတ်ထဲကစကားတွေအား yongbok ရဲ့အဘွားအားအသိပေးချင်ပါ၏ ။
သူ yongbok အဘွားဖြစ်သူရဲ့ ဓါတ်ပုံကိုနောက်ထပ်တစ်ဖန်ပြန်ကြည့်ရင်းဖြင့်

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now