13

315 45 16
                                    

Yongbok မှာ ချွေးတွေနဲ့ပြိုင်းပြိုင်းကျပြီး ကပွဲရဲ့စင်မြင့်ပေါ်မှာပက်လက်ကြီး လှဲချထားကာ အမောဖြေနေမိတော့သည်။  ပြဇတ်က သူ့ပိုက်ဆံလေးအနည်းငယ်ရတယ်ဆိုပေမဲ့ ဒီအတိုင်းလေး အလိုက်သင့် နေပေးရတယ့်အလုပ်တစ်ခုမဟုတ်လေ။  သူ ပြဇတ်စာသားတွေလဲကြည့်ရသေးသည်။ သီချင်းဆိုပြီး ကလဲ ကရသေးသည်။ ‌မျက်နှာအမူအယာအထားအသိုးကအစ ပိုပြီပြင်အောင် yeji က အမြဲတမ်းလေ့ကျင့်ခိုင်းနေတာကြောင့် သူ့မှာ လေ့ကျင့်ချိန်ဆိုပင်ပန်းရစမြဲ ။ တစ်ဖက်တွင်လဲ သူက ဇတ်ကောင်ဆိုတယ့်စိတ်နဲ့ ကြိုးစားထားရပေမဲ့ အဖွဲ့သားတွေရဲ့အခြေအနေကတော့မတူညီတယ့် အခြေအနေတစ်ခုမှာရောက်လို့နေကြတယ်။
အခုထိ အဖွဲ့စဖွဲ့ပြီးတာ သုံးလကျော် Yongbok ရောက်ရှိနေတာ 1လခွဲလောက်ရှိနေတယ့်အတော်အတွင်းမှာ  နောက်ထပ် yongbok နဲ့အတူ တွဲဖက်အဓိကဇတ်ကောင်မရှိနေသေးလို့ပင် ။ ဒါတွေကိုတာဝန်ယူရတယ့် yeji ကတော့သူလိုချင်တယ့်သူ မရသေးလို့ ဆိုတယ့်အကြောင်းပြချက်နဲ့ ဝင်ရောက်လျောက်ထားတယ့် ကျောင်းသားတွေကိုဆက်တိုက်ငြင်းနေတာဖြစ်သည်ကြောင့် အဖွဲ့အခြေအနေက တစ်ဖြေဖြေစိတ်ဓာတ်ပိုင်းဆိုင်ရာယို့ယွင်းလာခဲ့သည်မှာ မှားစရာကိုမရှိ။

Yongbok အတွက်ကတော့ သိပ်အခက်အခဲမရှိသေးသဖြင့် သူ့အနေနဲ့အဲ့ဒါတွေကိုစိတ်မပူပေမဲ့ နောက်ပိုင်းအဖွဲ့သားတွေသွေးမကွဲစေချင်တာကြောင့် Yeji ကိုအချိန်လေးအားတာနဲ့ နားချဖို့တော့လုပ်ရတော့မှာပဲ ။ သူတွေးရင်းက ချွေးတွေကိုသုတ်လိုက်ကာ ကုန်းထလိုက်သည်။ 
ထိုအချိန်မှာပဲ ဇတ်ရုံထဲသို့ yeji ဟာ ဝင်ရောက်လာပြီးခုန်ဆွခုန်ဆွနဲ့ အားလုံးကို စုဝေးဖို့ခေါ်တော့သည်။ yongbok အပြင်အကုန်လုံး သူမအနားကိုရောက်တော့ သူမဟာ သူမအဖွဲ့သားအားလုံးကိုပြုံးရွင်စွာကြည့်ရင်းဖြင့်

" ငါတို့ဆီမှာ Flynn rider အတွက် သရုပ်ဆောင်ရပြီ !!"

" ဟေ့ !!တကယ်လား !!"  "အဲ့ဒါဆိုဝမ်းသာစရာကြီးပေါ့ "  " အစက မမ Yeji ဂျေးများနေလို့ ပြဇတ်မှာ Flynn သရုပ်ဆောင်အတွက်မထည့်တော့ဘူးလို့တောင်ထင်နေတာ "  " အဲ့ဒါဆို ပြဇတ်ကလူစုံပြီပေါ့နော် !! " " တော်သေးတာပေါ့ တော်သေးတာပေါ့ တကယ်ဘုရားမ'တာပဲ ကျွန်တော့်မှာ ဒီပြဇတ်အတွက် မိတ်ကပ်ပိုင်းဆိုင်ရာအများကြီလေ့လာထားရတာ Flynn သာမပါရင် ဒီပြဇတ်ကဖြစ်မြောက်တော့မှာမဟုတ်ဘူးလို့တောင်ထင်နေတာ " " ဟာနင်တို့ကလဲ မမ yeji က အဲ့လောက်တော်တယ့်ဟာ သူလဲ Flynn rider အတွက် သင့်တော်တယ့်သရုပ်ဆောင်ကို ရှာနေလို့ကြာသွားရတာပေါ့ ငါတို့ကအလျှင်လိုနေလို့မှမရတာ " " ယုံတယ် ယုံတယ် အဲ့ဒါကြောင့် တို့တွေ ညီမလေး yeji ပြဇတ်ထဲယုံယုံကြည်ကြည် ဝင်ပြိုင်ခဲ့ကြတာ ... ညီမလေးသာ ဂရုစိုက်မနေရင် flynn အတွက်ဇတ်ကောင်ကို လာပြိုင်သမျှ ကျောင်းသားတွေထဲက ရွေးပြီးနေပြီလေ "

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now