7

130 27 11
                                    

ကောင်းကင်ရဲ့ မဲနက်နေတယ့် ညအမှောင်မှာ ဘယ်အရာကိုမှ မယ်မယ်ရရ မမြင်တွေ့ရတယ့် အချိန် ။ yongbok ရဲ့ ခန္ဓာကိုယ်ဟာ အအေးဓာတ်ကြောင့် ချမ်းစိမ့်လို့နေတယ်။  မနက်ကနေအခုအထိ သူရေတစ်မုတ်တောင်မသောက်ရသေးဘူး ။ သူ နှုတ်ခမ်းတွေဟာခြောက်သွေ့နေတာများ သဲကန္တာရက ရေမကျန်တော့တယ့် အိုအေစစ်အလာ ။ သူ့ရဲ့ခြေထောက်တွေဟာလဲ ဆောင်းတွင်းရဲ့နှင်းကိုက်နာတွေကြောင့် ဖောင်အိပြီး နာနေပြီ ။ သို့‌သော် သူ့အတွက် နားချိန်ဆိုတာခဏထား မနက်ထဲက ပြေးလွှားနေခဲ့ရတာမို့ သူ ထိုင်တောင်မထိုင်ရသေးပေ။ 

" Yongbok"

ကျွင်းထဲကနေ တိုးထွက်လာတယ့် လူရိပ်က သူ့နာမည်ကိုခေါ်တယ့်အခါ သူလှည့်ကြည့်လိုက်တော့ သူနဲ့ အမှတ်စဉ်တူ သူငယ်ချင်းတစ်ယောက်ဖြစ်နေလေသည်။ ဘာလုပ်ဖို့လဲ မေးဖို့အလုပ်မှာ သူ့သူငယ်ချင်းက လက်ထဲကထမင်းချိုင့်ဗူးကိုမြှောက်ပြသည်။

" မင်းစားဖို့ငါ လုလာတာ "

သူလက်ထဲကကိုင်ထားတယ့်သေနတ်ကိုအမြန်ချပြီး ထိုသူငယ်ချင်းအနားသွားကာ ဗူးလေးကိုကိုင်လိုက်သည် ။ အခုမှပူပူနွေးနွေးပြုတ်ကာစ ဆန်ပြုတ် လေးကို ထမင်းချိုင့်အဖုံးကိုဖွင့်တာနဲ့မြင်လိုက်ရတော့ သူပျော်သွားရင်း

" တော်‌သေးတာပေါ့ ငါမနေ့က အထိဘားမှမစားရသေးတာ ကျေးဇူးပဲ အကိုကြီး "

" ရပါတယ် မင်းအလှည့် ကင်းစောင့်ပြီးရင် နှစ်ချက်ထိုးလောက်ငါ့ ခေါ်လိုက်နော် ..."

" ဟုတ်ဟုတ် ! ကောင်းကောင်းစားပါ့မယ် "

သူ သူငယ်ချင်းဖြစ်သူကိုကျေးဇူးတင်ရင်းဖြင့် ထိုသူထွက်သွားတာနဲ့ yongbok သည်လဲ ကျောက်တုံးလေးတစ်တုံးပေါ်မှာ ဖင်ခုထိုင်ရင်း ပေးလာတယ့်ဆန်ပြုတ်ရေကြဲကို သောက်လိုက်သည်။  ဆန်ပြုတ်ဟာ အရသာမရှိဘူး ဆန်ဟူ၍ပင် မယ်မယ်ရရမပါပဲ ဆန်ကိုအဖြစ်အနေနဲ့သာ ထည့်ထားပြီးရေလုံပြုတ် စားနေရသလိုဖြစ်နေတယ် ။
‌စားပြီးတာနဲ့ ချက်ချင်းဆိုသလို သူ ထိုဗူးကိုဘေးလွယ်အိတ်မှာချိတ်လိုက်ကာ သေနတ်ကိုအသင့်ပြန်ကိုင် ပြန်ကင်းစောင့်နေ‌လိုက်သည်။ 

မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်းWhere stories live. Discover now