အကုန်လုံး ရဲ့အားပေးချီးမြှောက်သံတွေဟာ ကွင်းတစ်ခုလုံးဆူဆူညံ။ သူ့ရဲ့အသိစိတ်မယ် ငါလုပ်နိုင်တယ်ဆိုတယ့်စိတ်က ပွဲစင်ကြီးပေါ်က လူနှစ်ယောက်ဖြစ်တယ့် lee yongbok နဲ့ hwang hyunjin တို့ထံ ပရိတ်သတ်က ပေးအပ်တယ့်အားပေးချီးမြှောက်မှုတွေဆီမှာ တစ်ဖြေးဖြေးလျော့ပါးလာတယ်။ သူစိုးရိမ်လာသလို ရင်တွေလဲတစ်ဒုတ်ဒုတ်ခုန်လာတယ်။
မြန်ဆန်လာတယ့် နှလုံးခုန်သံကိုတစ်ခဏလောက်လျစ်လျူရှူ့လိုက်တော့ ဘေးနားက အဖွဲ့သားတွေရဲ့စိုးရိမ်ထိတ်လန့်နေတယ့်မျက်ဝန်းတွေကိုသူ မြင်လိုက်ရပြန်တယ်။
အောင်နိုင်တယ့်သူဟာ အကုန်ရယူနိုင်ပြီး ကျဆုံးတယ်သူဟာ ဘားမှမကျန်အောင်အထိ ပေးဆပ်ရတယ်။ သူစိုးရိမ်နေတယ့် အတွေးများဟာ အဖွဲ့သားတွေရဲ့ မျက်လုံးများကိုမြင်တယ့်အခါ မရှိတော့ဘူး။
သူဒါတွေကိုမတွေးတော့ဘူး ။ သူ တွေးမှာက သူအကောင်းဆုံးလုပ်ပြနိုင်ဖို့ကိုပဲ။စိတ်လှုပ်ရှားလွန်း၍ lee felix ရဲ့လက်တွေဟာတုန်လှုပ်နေပေမဲ့လဲ ထိုလက်များအား ဆွဲကိုင်ကာထိန်းချုပ်ပေးမယ့်သူဆိုတာဟာလဲအနားမှာမရှိနေပြန်ဘူး ။ စင်မြင့်ပေါ်က နောက်ဆုံးနှုတ်ဆက်စကားပြောသွားကြတယ့် lee yongbok နဲ့ hwang hyunjin တို့ရဲ့အဖွဲ့ကိုသူ ကြည့်ပြီးတွင်တော့ သူ အနောက်ကအဖွဲ့သားတွေဆီ လှည့်လိုက်ပြီး ခိုင်မာသောမျက်နှာထားနှင့် စကားတစ်ခွန်း ပြောလိုက်တယ်။
" ငါ မင်းတို့အတွက် ကြိုးစားပေးမယ် "
""......""
" မင်းတို့လဲ အကောင်းဆုံးကြိုးစားကြ "
"" ဟုတ် !'""
အကုန်လုံးရဲ့ပြိုင်တူရွတ်ဆိုမှုနဲ့အတူ သူတို့ရဲ့ဖျော်ဖြေမှု စတင်လာလေပြီ။ ပထမအစမှာတော့ ဗုံးတွေကိုယ်စီဖြင့်အဖွဲ့ဝင်အသစ်တွေကအရင် စင်မြင့်ကိုထွက်သွားကြရသည်။ ဟုတ်တာပေါ့ ထိုအထဲမှာ လူသစ်လေး Yang jeongin ကတော့ပါဝင်လာခဲ့ခြင်းမရှိပေ။
အဖွဲ့သားများ စီတန်းထားတယ့် စင်မြင့်နေရာမှာ လစ်ဟာနေတယ့်နေရာလေးကို felix ကြည့်ရင်းသက်ပြင်းလေးခပ်ဖွဖွကချမိသေးသာ ။သူတကယ်လိုမနက်ဖြန်ထွက်သွားရင် ဘယ်လိုလုပ်ရမလဲ။
Felix မှာတားနိုင်စွမ်းလဲမရှိသလို နေပေးဖို့ပြောနိုင်စွမ်းလဲမရှိပေ ။ သူ ခေါင်းကိုဖြေးညှင်စွာခါယမ်းလိုက်ကာ ပထမ အသုတ်ကတာပြီးတယ့်အထိ သူရပ်စောင့်နေလိုက်သည်။

YOU ARE READING
မြစ်ဖြစ်သူထံ ပြန်လည်ဝင်စားခြင်း
FanficRebirth UNI ONLY start date: Aug , 23 , 2024 end date :....