အားလုံးပဲ မင်္ဂလာပါ။ ပြန်တွေ့ကြပါပြီ~
ဒါလေးကတော့ ချပြချင်ခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် သိပ်ပြီး မမြန်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီလိုနေ့လည်း ရောက်လာတာပဲ။ ဘာလိုလိုနဲ့ ရုတ်တရက်ကြီး "နှစ်ယောက်အတူတူ Plot ချကြမလား?' ဆိုပြီး မေးလိုက်တဲ့ နေ့က တစ်လပိုင်း လေးရက်နေ့ ဖြစ်နေခဲ့တာပါ။ အဲ့လိုကနေ 01 04 ဆိုပြီး ပေးလိုက်တာပေါ့။ ရှေ့က ပရောဂျက်ကတော့ နှစ်ယောက် အတူတူ လုပ်နေတဲ့ အရာ တစ်ခု ဖြစ်တာမို့ နှုတ်က ဒီပရောဂျက် ဒီဟာ ဆိုပြီး ပေါ့ပေါ့ပါးပါးလေး ညွှန်းပြောနေရာကနေ နောက်ဆုံး Title ထိ ယူခဲ့လိုက်မိတာပေါ့။ ဘယ်လို တိကျတဲ့ ဇာတ်အိမ်မှ မရှိကြသေးဘဲ စလိုက်တဲ့ ဇာတ်လမ်း ၂၀၂၃ ကနေဆို တစ်နှစ်ကျော်လောက်မှာပဲ ပြီးသွားခဲ့ပါပြီ။
ဘယ်နေ့ တင်ရမလဲ ဘယ်နေ့ တင်ကြမလဲ စဉ်းစားတဲ့အခါ အဖြေက "စက်တင်ဘာ ၂၆" ပဲပေါ့။ ၂၀၂၀ က ပြန်ပြီး စခေါ်ကြတဲ့ နေ့ပါ။ ၉ တန်းလောက်ထဲက သူနဲ့က တစ်တန်းထဲပေမယ့် သိပ်မရင်းနှီးကြဘဲ ရန်တောင် ဖြစ်ချင်ချင်ပါ။
Air and Earth မို့ အခုထိလည်း "တူညီနေလို့ ပေါင်းလို့ရနေတယ်" ဆိုတာမျိုး မဟုတ်ပါဘူး။ ဒီတိုင်း ငါကတော့ ဒီလိုတွေ မကြိုက်ဘူး "ဒါပေမဲ့ နင်နဲ့ဆိုရင်တော့ ဒီလို" ဆိုပြီး လိုက်ညှိပေးကြမြဲပါ။ အဲ့လိုကြောင့်လည်း အခုထိ တစ်ယောက်ပေါ် တစ်ယောက်က တန်ဖိုးရှိနေတယ်။
ကျောင်းတွေလည်း ပြီးရော အတော်ကြာထိ အဆက်သွယ် မရှိရာကနေ သူက ARMY ဆိုတာ သိတာနဲ့ ယောင်းဘက်ကပဲ Conversation စလိုက်တာပေါ့။ အဲ့ကနေ ဒီနေ့ထိဆို (၄) နှစ်တောင် ရှိရောပေါ့။ အချိန်တွေ အချိန်တွေ..
အများကြီးလည်း စကားတွေ ပြောဖြစ်ကြပြီး အဲ့သူငယ်ချင်းက ထူးခြားတာပေါ့။ လူကောင်းနဲ့ တွေ့တယ်လို့ပဲ ပြောရမယ်။ "ကေ" ကို မိတ်ဆက်တာ တော်လောက်ပြီ!!
ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အများကြီး spoil မလုပ်ချင်ပါဘူး။ အကြံဉာဏ် သေးသေးလေး ပေးချင်တာကတော့ စိတ်ရှည်ပြီး ဖတ်ရမှာပါ။ အများကြီး မရိုးရှင်းပါဘူး။ လောလောဆယ်မှာ တစ်နေ့ကို "နှစ်ပိုင်း" တင်ပေးပါမယ်။
ကဲ.. ဒါဆို စဖတ်လိုက်ကြရအောင်~
အားလုံးပဲ မဂၤလာပါ။ ပြန်တွေ့ကြပါပြီ~
YOU ARE READING
PROJECT - 0104
FanfictionJEON JUNGKOOK X KIM TAEHYUNG SCIENCE X TIME TRAVEL X GODS TIOFC - TIME TRAVEL - ANOTS Collaboration with Giselle Kay Started - [4 Jan 2023] [26 Sep 2024]