04 : 29 - ANOTS

351 60 26
                                    

Unicode

အပိုင်း (၂၉)

မျက်လုံးတွေကို မှိတ်လိုက် ဖွင့်လိုက်ဖြင့် အကြိမ်ပေါင်း များစွာ လုပ်ပြီး ဒီတစ်ခါ မျက်လွှာတွေ ဖွင့်လိုက်ချိန်မှာတော့ နေအလင်းက သူ့ခြေပေါ် ဖြာကျလာသည်။ ခပ်နွေးနွေး အပူဒဏ်ကို ခံစားမိရင်း လက်ချောင်းတွေကို ထိုအလင်းအောက် ပို့လိုက်သည်။

ဘာရယ် မဟုတ်ဘဲ အချိန်တွေ ကုန်မိတော့ နှာဖျားထဲ တိုးဝင်လာသည့် ဂျရေနီယမ် အနံ။ သိပ်ပျော်သွားရသည်။ ရင်ဘတ်ထဲ ခုန်ပေါက်နေသည့် အကောင်လေး ရှိနေသလို သိပ်ထိန်းရ ခက်နေသည်။ သို့သော် သူ့ကိုယ်တွေကတော့ လှုပ်ဖို့ပင် ခက်ခဲလို့ မျက်တောင်တွေကိုသာ ပုတ်ခတ်သည်။

' ဘာလို့ ဆေးမလိမ်းတာလဲ? '

အေရိုသည် ထောင့်လေးတွင် အပုံလိုက် ရှိနေသည့် ခြင်းကြီးကို ကြည့်မေးသည်။ သူက ဟီရာနဲ့ ကျနော့်ကြားက တံတိုင်းလေးလို ပစ္စည်းတွေ ပို့ဆောင်နေရတာနဲ့ အလုပ်များရသည်။ အခုချိန်ထိ မော့ကြည့်မလာသေးဘူး။ အေရိုက ပစ္စည်းတွေ ထုတ်နေတုန်း။

' ဖြည်းဖြည်းချင်းပဲ ထုတ်ပါလား၊ ငါမင်းကို ကြည့်မဝသေးဘူး။ '

အချိန်တွေ ဘယ်လောက် ကုန်မြန်လိုက်သလဲ ကျနော့်မှာ သူ့ကို မျက်စိတစ်မှိတ်လေးပဲ တွေ့ရသေးတာ။ သူဒီလို ခပ်မြန်မြန် လုပ်နေရင် ကျနော် ဘယ်လောက် ဝမ်းနည်းလိုက်ရသလဲ။

' ဒီကို ကြည့်ပါအုန်း။ '

ချော့လို့ မော့လို့ပြောတော့ မော့ကြည့်လာတဲ့ အေရိုက နောက်ကို ထပ်ယိုင်သွားသည်။ ကျနော့်ပုံစံကြောင့် သူလန့်သွားတာ။ မနေ့ညကပဲ အော့ခ်ဆီက ရိုက်ချက်တွေကို ထပ်ခံခဲ့ရပြီးတာမို့ ပုံစံက ထုံးစံတိုင်း ဖြစ်နေလိမ့်မည်။ ကျနော့်တွက်သာ ထုံးစံ ဆိုသော် အေရိုကတော့ ဆန်းသစ်လောက်မည်။

' မင်းလည်း လက်ကို ဆေးမထည့်ထားဘူးပဲ။ '

ဂျောင်ကု လက်လေးတွေကို ငေးနေမိတော့ သွေးခြောက်နေတဲ့ လက်ကောက်ဝတ်က ဒဏ်ရာ။

ကျနော့်ကိုသာ ဆူနေတာ
သူကြ ဆေးမထည့်ခဲ့ဘဲနဲ့လေ။

မေးတော့ သူက သူ့လက်သူ ကြည့်ပြီး ငြိမ်နေသည်။ အနားကို တိုးသွားပြီး တံခါးပေါက်လေးထဲက သူ့လက်ကို ဆွဲလိုက်တော့ ကျနော့်လက်ကို ဆွဲခြစ်သွားသည့် သံချွန်။ သူက လန့်သွားပြီး ကျနော့်ကို စိုးရိမ်တကြီး ကြည့်တော့ ပြုံးလိုက်သည့် ကျနော်က အရူးလိုပဲ။

PROJECT - 0104Where stories live. Discover now