04 : 10 - ANOTS

273 52 19
                                    

Unicode

' ဘိုတန်ဂျုံး အဲ့လိုသွားလို့မှ မဖြစ်တာလို့!! ဖားသားကြီးက စွန့်စားခိုင်းနေတာ မဟုတ်ဘူးလား?!! ဘိုတန်က စစ်သည်တော်မှ မဟုတ်-! အင့်! '

အတော်လေး နားညည်းနေရပြီမို့ ခပ်မြန်မြန်ပင် ထိုနတ်သူငယ်၏ ပါးစပ်ကို ပိတ်ပစ်လိုက်ရသည်။ ဒါတောင် တအင့်အင့်ဖြင့် အော်ပြောနေသေးတာ။

' နားညည်းတာမို့ တော်စမ်းကွာ။ '

ထိုအခါမှ ငြိမ်ကျသွားပြီး မျက်နှာကို ညူစူထားတော့သည်။ ဧဒင်သည် သူ့နှင့် နေရင် လုံးဝ ရင့်ကျက်လာမည် မဟုတ်ဟုလည်း ဂျုံးကု တွေးလိုက်မိတော့သည်။ နို့စိမ်းရောင် ဝတ်ရုံကို သေသပ်အောင် ခေါက်လိုက်ပြီး လိုအပ်တာ ထည့်လို့ ကုန်သွားသည့် အခါ အဝတ်စဖြင့် ထုတ်ပတ်လိုက်တော့သည်။

' တကယ်ပဲ၊ မခံပြင်းဘူးလား။ '

ဂျုံးကုသည် နက်မှောင်နေသည့် ဆံပင်ကို လက်ချောင်းတွေနှင့် သပ်တင်ပြီး ဧဒင်ကို ကြည်ကြည်လင်လင် တုန့်ပြန်ကြည့်လာသည်။ ဧဒင်သည် ထိုမျက်လုံး ကြည်ကြည်တွေကို မြင်မှ ဒီမေးခွန်းအတွက် ဖြေသူသည် ဘိုတန်ဂျုံး ဖြစ်နေသ၍ ကွဲပြားမည်ဟု သိလိုက်မိသည်။

' အန္တရာယ် ကျခဲ့လည်း ဒါက ကိုယ့်ကံတရားပဲ ဖြစ်လိမ့်မယ်။ အော့ခ်ကြောင့်လို့တော့ ကိုယ် မတွက်မိဘူး။ '

ဧနော့စ်က နတ်ဘုရား တိုင်းပြည် တစ်ခုဆို သူနှင့် ယှဉ်ရှိနေသည့် "ဒက်ခီ" ဆိုသော တိုင်းပြည်သည်လည်း ခန့်ညားစွာ တည်နေ၏။ ရန်သူလို အင်အားပြိုင်နေလေ့ ရှိသော တိုင်းနှစ်တိုင်းသည် ယခုမှာတော့ တောင်းဆိုမှု တစ်ခုအဖြစ် စိုက်ပျိုးရေး နည်းတစ်ခုကိုသာ အလိုရှိသည်ဟု ပြောဆိုလာသည်။

သူတို့၏ မြေတွေသည် အဆိပ်သင့်မြေ ဖြစ်ပြီး ဒါကို ဂျုံးကုပြန်ပြင်မှသာလျှင် အဆင်ပြေနိုင်မှာမို့ ထိုသို့သော အကူညီကို လက်ခံလိုက်ရတာပင်။

ဒီအပြင် ဂျုံးကု ဘက်က ကြည့်လျှင်လည်း တစ်ချက်ခုတ် နှစ်ချက် ပြတ်ပင်။ အော့ခ်က စီလက်စ်ကို အတော်လေး စိတ်ကွက်နေခဲ့တာ ဖြစ်ပြီး နေမကောင်းလို့ပါ ဆိုသည့် ဂျုံးကု အဆိုက မုသား တစ်ခု ဆိုသည်ကိုလည်း သိရှိလို့သွားလေရာ စီလက်စ်၏ အသက်အန္တရာယ်ကို သူဒီခရီးဖြင့် ကာကွယ်နိုင်ခဲ့တာ ဖြစ်သည်။

PROJECT - 0104Where stories live. Discover now