04 : 20 - ANOTS

236 49 3
                                    

Unicode

' မနိုးသေးဘူးပေါ့? '

ဂျောင်ကုသည် မနက်အစောကြီးထဲက ဒီလူသားလေး၏ သစ်သားအိမ်လေးထဲ ရောက်နေတာ ဖြစ်ပြီး အိပ်နေတာလေးကို ထိုင်စောင့်နေတာ ဖြစ်သည်။ နေရောင်ထွက်လို့ လူသားတွေ၏ အသံတွေကိုပါ ကြားနေရပြီ ဖြစ်တောင် ဒီကောင်လေးက အိပ်ဆက်နေတုန်းမှာပဲ။

စိတ်မရှည်စွာဖြင့် မျက်ခုံးတွေ တွန့်ချိုးလိုက် အခန်းဝန်းကျင်ကို ကြည့်လိုက်၊ စားပွဲပေါ်က တိုလီမုတ်စ ပစ္စည်းလေးတွေကို ကြည့်လိုက် သွားထိလိုက်ဖြင့် အချိန်ကုန်နေရသော် အတော်ကြာသည်မှာတော့ ဂျောင်ကု ကုတင်ကျဉ်းကျဉ်းလေးပေါ် ဒူးတစ်ဖက် ထောက်တက်ရင်း ပုခုံးလေးကို လှုပ်နှိုးလိုက်တော့သည်။

မျက်လုံးတွေသည် ပွင့်လာသယောင်နှင့် ပြန်ပြန်ပိတ်ကာ တစ်ဖက်ကိုပင် လှည့်မည်လုပ်မှ သူ၏ လက်တစ်ဖက်ကို ထိမိတော့သည်။ ထိုအခါမှ မျက်လုံးတွေ ပြူးကျယ်ကာ လူကို အလန့်တကြား ကြည့်လာတော့တာ။

' နိုးပြီပဲ။ အကြာကြီး စောင့်နေရတာ။ '

နှာခေါင်း တရှုံ့ရှုံဖြင့် အရှင်ဇီလိုတက်စ်သည် သူ့အပေါ် အုပ်မိုးနေဟန် ပြုကာဖြင့် သူ့မှာ အပြစ်လုပ်ထားသူဟန် နဖူးကိုပါ လက်ညိုးဖြင့် အတွန်းခံလိုက်ရသေးသည်။

' အရှင်က ဒီကို ဘယ်လို ရောက်နေတာပါလဲ? '

မေးတော့လည်း မျက်စောင်းထိုးကာဖြင့် အကြည့်တွေက စူးရဲရဲ။ ဘာလဲ? ဒီလိုပဲ မေးရမှာပေါ့။ ခွင့်ပြုချက်လည်း မတောင်းဘဲ ဘယ်သူက ဒီလို လာလို့ ရသလဲ?

' ဂျောင်ကုလို့ ခေါ်ဖို့ ပြောထားတယ်လေ။ '

စလာပြန်ပြီဖြစ်သည့် ဒီကိစ္စတွင် ထယ်ဟျောင်းသည် သက်ပြင်းသာ ချကာဖြင့် ခေါင်းခါလိုက်သည်။ သူက ဘယ်လိုလုပ် ဒီလို ခေါ်လို့ ဖြစ်မည်လဲ?

' ငါ့ကိုကြ လစ်လျူရှုတယ်နော်။ '

ကုတင်ပေါ်က ဆင်းလိုက်ခြင်းကပင် သူ့ကို လစ်လျူရှုသည် ဖြစ်ရ၏။ တစ်ချိန်လုံး ထိုအနေထားကြီးနဲ့ ရှိနေဖို့က သင့်တော်သည်မှ မဟုတ်ဘဲလေ။

' ကျနော်ကိုယ်လက်သန့်စင်ဖို့ လိုတယ်။ အရှင် ဒီကို လာတာက ပွဲတော်တွက်မလား။ ကျနော် မြန်မြန် ပြင်ဆင်လိုက်ပါမယ်။ '

PROJECT - 0104Where stories live. Discover now