04 : 11 - ANOTS

284 55 19
                                    

Unicode

' ငါ့ကို ကာကွယ်ဖို့ ဆိုလည်း အဲ့ဒါက တစ်ချိန်လုံး မှန်မနေဘူး။ လက်မဆက်ဘူး။ သေချာဆုံးဖြတ်ပြီးသွားပြီ။ '

ထိုအချိန်မှာတော့ ဂျုံးကု ပြောရခက်စွာပင် သက်ပြင်း တချချဖြင့် စီလက်စ်ကို လွှတ်ပေးလိုက်သည်။ ခေါင်းမာလိုက်ပုံများလို့ တွေးမိလည်း သူပြင်လို့ရမည့် ကိစ္စ မဟုတ်။

' သေချာပြီလား? အကယ်၍ အော့ခ်က အကျဉ်းချလိုက်ရင်ရော မင်းမရှိရင် sea god တွေက နေလို့ အဆင်ပြေမှာတဲ့လား? မင်းမရှိရင် ဂျောင်ကုက သူတို့ကို မနှောက်ယှက်နိုင်ဘူးလို့ တွေးနေတာလား? '

စီလက်စ်၏ အခြေနေသည် ချောင်ပိတ်နေရသည်။ ပြေးပေါက်မဲ့တာကို သူသိပေမယ့် တရားဝင် နှောက်ယှက်ခွင့်ကြီးကိုတော့ သူလက်ခံနိုင်မည် မဟုတ်။ ဘယ်လိုပဲ ဂျုံးကု ပြောနေပါစေ သူသည် သူ့ဆုံးဖြတ်ချက်ကို ပြင်ဖို့ စိတ်ကူး မရှိ။

အချစ်ဦးက ဘာအရေးလဲလို့ သူတွေးမိလိုက်သည်။ လက်မဆက်လည်း သူသည် ဘိုတန့်နား ရှိနေနိုင်ပါသည်။

စီလက်စ် သူ့ကို စိတ်ကုန်သည့် မျက်လုံးတွေနဲ့ ဘိုတန့်ကို ရှောင်ဖယ်ရင်း နေမိတော့ မြင်ကွင်းထဲ ရောက်လာသည့် ကျောပြင်လေး။ တစ်ဝက်လောက်သာ မြင်နေရပြီး ထိုကျောပြင်တွင် အတောင်ပံ့တွေ မရှိ။ တိုင်လုံးကြီးကြီးနောက် ဝင်နေသည့် ကိုယ်လေးသည် တစ်ဖြည်းဖြည်းလည်း တုန်ရင်လာ၏။

' ကိုယ်မေးနေတယ် စီလက်စ်။ '

ထိုအခါမှ ပြာလွင်နေတဲ့ မျက်လုံးတွေသည် သူ့ဆီ ပြန်ရောက်သည်။

' အင်းး။ အဲ့လို တွေးတယ်။ '

နောက်ဆုံးချိန်ထိ ဘိုတန့်ကို အတိုက်ခံလုပ်ပြီး သူထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။

ကျန်ခဲ့တဲ့ ဂျုံးကုမှာ စိတ်လေး ကိုယ်လေးဖြင့် နေရင်း နန်းဆောင်ဆီ ပြန်လာခဲ့တော့ ထယ်ထယ်သည် နန်းဆောင်ပေါ် ငုတ်တုတ်လေးပင်။ မသွားခင် မျက်နှာလေးတော့ မြင်သွားချင်တယ် တွေးနေတာ အခုတော့ လူကိုယ်တိုင် ထိုင်စောင့်နေပါလား ဆိုတဲ့ အတွေးဖြင့် ဂျုံးကု ခြေလှမ်းသွက်တွေဖြင့် နန်းဆောင်ပေါ် တက်လိုက်တော့ ချက်ချင်း ထပြေးဟန်ပြုသည့် ထယ်ထယ်။

PROJECT - 0104Where stories live. Discover now