04 : 22 - ANOTS

252 49 5
                                    

Unicode

အားလုံးက ပုံမှန်ပဲ၊ မီးကျွမ်းသွားတဲ့ စားပွဲခင်းကြီးကလွဲ အားလုံးက အဆင်ပြေပြေနဲ့ နေရာတကျလေး။ အထူးတလည် ပြောဆိုနေခြင်း မရှိတော့သည့် ထိုအဖြစ်ပျက်က လက်တွေ့မှာ ဖြစ်ခဲ့တာပင် မဟုတ်တော့သလို။

နေ့ထူးနေ့မြတ်တွေမှ စားခွင့်ရှိသည့် လူသားတွေအတွက် ဟင်းလျာတွေကလည်း ရနံ့လှိုင်လှိုင်ကပဲ ဖြစ်ပျက်ခဲ့သမျှကို မေ့လျော့စေခဲ့ဟန်။ အဲ့အချိန် ထယ်ဟျောင်းကတော့ သူ့လက်ထဲက ဟင်းတွေ စုံနေတဲ့ ပန်းကန်ပြားကြီးကိုသာ ငေးကြည့်နေသည်။

' ထပ်လိုချင်သေးလား? အချိုပွဲမှာ ကိတ်မပါဘူးပဲ။ ကိုယ်သွားထည့်- '

' အရှင်.. '

ထယ်ဟျောင်းသည် ဘေးနားမှာ ဝင်ထိုင်ကာဖြင့် သူ၏ ပန်းကန်ကို အကြည့်ရောက်ကာပင် ကျန်ခဲ့သော မုန့်တစ်မျိုးအတွက် အလုပ်ရှုပ်ဖို့ ရွယ်နေသည့် အရှင့်ကြောင့် နှုတ်ခမ်းတွေက ပင့်တက်ကာ ပြုံးလိုက်သည်။ သို့သော် သူ့စိတ်က လေးပင်နေသည်။

ထရပ်ဖို့ လုပ်နေသည့် သူ၏ ဝတ်ရုံကို ဆွဲကာဖြင့် တားဟန်ပြုတော့ အရှင်က သူ့နဖူးလေးကို နမ်းလို့လာသည်။

' အဲ့လို ကလေးလိုလေးတွေ လုပ်ရင် ကိုယ်အူယားတယ်။ '

သူ့ဦးခေါင်းပေါ် အုပ်မိုးလာသည့် လက်ဖဝါးကြောင့် ထယ်ဟျောင်း မျက်နှာလေးတွေ ရဲသည်ထိ ပြုံးရယ်လိုက်မိရင်း လက်ထဲက ပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။

' အရှင်က မစားဘူးလား? '

' ဒါက ကလေးတွက်။ ကိုယ်က နောက်မှ ဟီရာနဲ့ တစ်ဝိုင်းထိုင်ရမယ်။ သူက စိတ်ဓာတ်ကျနေတာပဲ။ '

ထိုစကားတွေကြောင့် ထယ်ဟျောင်း အရှင်ဟီရာ့ကို ပတ်ဝန်းကျင်မှာ လိုက်ရှာလိုက်တော့၊ တွေ့ပါပြီ။ တခြားသော နတ်ဘုရားတွေနှင့် စကားပြောနေသော်လည်း မျက်နှာသည် ရွှင်ပြမနေပါ။ ဘေးမှ ဘိုတန့်ကို ကြည့်မိသော် ဘိုတန်သည်တော့ ဘာမှထွေထွေထူးထူး မပြောင်းလဲဘဲ မျက်နှာထားသည့် သူစတွေ့ချိန်တုန်းကလို အေးချမ်းနွေးထွေးမြဲပဲ။ ပူပင်သောကတွေသည် ဘိုတန့်အပေါ် လွှမ်းမိုးခြင်း မရှိပါ။ အေးချမ်းလှ၏။ ဒါကိုပင် ထယ်ဟျောင်း နားမလည်ရတာဖြစ်သည်။

PROJECT - 0104Where stories live. Discover now