04 : 04 - ANOTS

407 64 28
                                    

Unicode

' ဒါလင်.. '

မွေ့ယာအိအိပေါ် တက်လာတဲ့ ပိန်ပါးသော ကိုယ်ဟာ အိပ်စက်နေပါသော ဂျုံးကု နားတိုးလာသည်။ ခပ်တိုးတိုး ခေါ်လာသော အသံလေးဟာ ဂျုံးကု နှုတ်ခမ်းတွေကို ပြုံးခနဲ။

' အိပ်မက်များလား စီလက်စ် '

အပြာရောင် တောက်နေတဲ့ ဆံပင်ပင် ရှည်တွေနဲ့ စီလက်စ်သည် ရေနတ်ဘုရား တစ်ဦး ဖြစ်ပြီး ဂျုံးကုနဲ့ကတော့ ခေါင်းစဉ် မရှိ ဆက်ဆံရေးမျိုး ဖြစ်သည်။

စီလက်စ်က ဂျုံးကုနဲ့ ရန်ဖြစ်ပြီး စိတ်ဆိုး သွားခဲ့တာ။ ခေါင်းစဉ် မရှိနေတဲ့ အခြေနေကို အော့ခ်က လက်တွဲဖော် အဖြစ် တပ်ပေးမည် ဖြစ်ပြီး ဒါကိုတော့ စီလက်စ်ကပဲ ကန့်ကွက်နေခဲ့တာ ဖြစ်သည်။

' ဘာလို့ ပြန်လာတာလဲ? ကိုယ့်နန်းဆောင်က အများပိုင်များလား? '

' ငြင်းပေးစမ်း ဘိုတန်။ အဲ့ကိစ္စကို လက်မခံနိုင်ဘူး။ '

စီလက်စ်က ချစ်သူ ရည်းစားဆိုပြီး တစ်ခါမှ မထားဖူးဘဲ ဂျုံးကု နားမှာသာ ရှိနေခဲ့တဲ့ အလှဆုံး ရေနတ်ဘုရား တစ်ဦးပင်။

စီလက်စ်မှာက ဖြတ်တောက်မရတဲ့ ဆံပင်ရှည်တွေ ရှိသည်။ သွယ်တဲ့ မျက်နှာရိုးနဲ့ ပေါ်တဲ့ နှာတံတွေနဲ့ ပါးတဲ့ နှုတ်ခမ်းတွေက နတ်ဘုရားမတွေနီးနီး လှပသည်။ ဒီလို အလှလေးဟာ သူ့နားက ခွာချင်တာလည်း မဟုတ်ဘဲ အော့ခ် စကားကို ပုန်ကန်ချင်သည်။

' ငါပြောနေတယ် ဘိုတန်။ ငြင်းပေး။ '

' အဲ့စကား ပြောဖို့ဆို သွားတော့ စီလက်စ်။ '

ထပ်ပြီး ရန်ငွေ့တွေကို ခံစားမိနေနှင့်ပြီ။ သို့သော် စီလက်စ် ထပ်ပြီး ထွက်သွားမှာ မဟုတ်တော့ဘူး။ ငြင်းနေရတာက ဘိုတန့်ကို သဘော မကျလို့ မဟုတ်ရဘဲ သူဟာ ဘိုတန်နိုဖိုင်လ်နဲ့ လက်ဆက်လိုက်မယ် ဆိုရင် သေချာပေါက် ရေပိုင်နက်ကို ဇီလိုတက်စ်က ထိပါးလာတော့မှာ။

' ငါကာကွယ်ရမှာတွေ ရှိတယ်။ '

' ကိုယ့်မှာလည်း ရှိတယ် စီလက်စ်။ မင်းကို သူတို့ သတ်ကြလိမ့်မယ်။ '

အပြာရောင် တောက်နေတဲ့ မျက်လုံးတွေဟာ ပုတ်ခတ်လျက်မှ ကူရာမဲ့ဖြင့် မှိုင်းလာတော့သည်။ စီလက်စ်က ရှောင်ဖယ်နိုင်တဲ့ နည်းလည်း မရှိပါပဲနဲ့။

PROJECT - 0104Where stories live. Discover now