04 : 14 - ANOTS

257 52 11
                                    

Unicode

ပန်းသရဖူတွေသည် တစ်ကွင်းပြီး တစ်ကွင်းဖြင့် အထပ်ထပ် ကျစ်ပြီးလေရာ မေးလေး တမော့မော့ဖြင့် စိတ်မောနေရသူသည် ထယ်ဟျောင်းသာ။ အန်တီကြီးတွေ ပြောပုံအရဆို အရှင်ဘိုတန်က အတော်လေး ဒုက္ခရောက်နေတယ်ဟု ဆိုသည်။

သို့သော် သူ့မှာ လုပ်နိုင်သည်က ရင်ထဲ နှလုံးထဲကပင် စိတ်ပူ ဆုတောင်းပေးဖို့သာ။ နတ်ဘုရား တစ်ပါးကို စောင့်ရှောက်ပေးဖို့ မည်သို့သော ပုဂ္ဂိုလ်ကို ဆုပန်ရမည် ဟူသည် ထယ်ဟျောင်း၏ အတွေးထဲ စဉ်းစား၍ပင် မရနိုင်ရာ ခေါင်းပင် ရူပ်လာရတော့သည်။

' ထယ်ထယ်၊ အရှင်ဇီလိုက ဒီနေ့ရော မလာဘူးလား? ဟီရာက မေးလို့ '

အတောင်ပံ့ အကြီးကြီးတွေနှင့် ဧဒင်၏ မျက်လုံးတွေသည် ထယ်ဟျောင်း၏ ဘေးမှာ ရပ်နေလျက်ပင် ကစားနေလေရာ မီးနတ်ဘုရားကို ရှာဖွေနေရတာပင်။ လူသားလေးတွေနဲ့ တူတူပုန်းတမ်း ကစားလျှင် အမြဲ ဦးစားဖမ်းနိုင်သော ဧဒင်သည် ယခုတွင်မူ ပုန်းနေသူမှာ မီးနတ်ဘုရားပေမို့ ‌ခေါင်းကိုသာ တဗြန်းဗြန်း ကုတ်မိသည်။

နောက်ဆုံး မသိလောက်ဘူးထင်တောင် မေးကြည့်တာ မမှားဟု အတွေးဖြင့် ဧဒင် မေးလိုက်သော် ထယ်ထယ်သည် မျက်လုံးလေး ဝိုင်းကာပင် ခေါင်းခါတော့သည်။ ဧဒင် အတော်လေး စိတ်တိုသွားရကာပင် ထယ်ထယ့် ခေါင်းကို ထုဟန်ပြုလိုက်တော့သည်။

' မရှာဘဲ ဘာလုပ်နေတာလဲ? ဟီရာက ခိုင်းထားတယ်လေ။ တကယ်ပဲ ထယ်ထယ်ရာ။ '

' ဘယ်မှာရှိမှန်း ဧဒင်တောင် မသိ‌တာ ကျနော်က ဘယ်လိုသိမတုန်း '

မိမိမှာတောင် ကိုယ့်ဘာကိုယ် စိတ်ဓာတ်ကျနေရတာ သူများကို ရှာဖို့ အာရုံ မရသေးပါ။

' မှားပါတယ် လူသားလေးရယ်။ နော်။ အခုတော့ ထတော့၊ နန်းဆောင်ဆီ သွားရှာ။ ကိုယ်ကျန်တာ ဆိုလို့ မီးနတ်ဘုရားရဲ့ နန်းဆောင်ပဲ ကျန်တော့တယ်။ '

' အို! နိုးနိုး၊ ကြောက်တယ် အက်ဗိုဆိုတဲ့ အကောင်ကြီးက ဒီတစ်ခါဆို ဆွဲစားလောက်မယ်။ '

ထယ်ဟျောင်း၏ အကြောက်ကန် စကားကြောင့် ဧဒင်လည်း ဘာလုပ်ရမှန်း မသိတော့။ သေချာပေါက် အစားခံရရင် သူ့ကို သေချာပေါက် ဘိုတန်ဂျုံးက ရိုက်မှာပင်။

PROJECT - 0104Where stories live. Discover now