04 : 23 - ANOTS

219 51 12
                                    

Unicode

လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်က အတောင်ပံ့တွေ ဖြန့်ပြီး ဝုန်းခနဲ ခုန်အုပ်လာသည်နဲ့ ကွာခြားစွာပင် ကုတ်ကုတ်လေး ပြန်လှဲနေသည့် ဇီလိုတက်စ်။ ထယ်ဟျောင်းသည် အိစက်ကာ အရောင်လက်နေသည့် အနီရောင် ကုတ္တီပါ သားပေါ် ထိုင်ပြီး ဘာကိုမှ စကားမစမိ။

ဒူးနှစ်ဖက်ကို တုတ်ထိုင်ရင်း ထယ်ဟျောင်း သူဝင်လာခဲ့သည့် တံခါးဝကြီးကို လှမ်းကြည့်နေသည်။ ပတ်ဝန်းကျင် အနေထားသည် တိတ်ဆိတ်မြဲ ဖြစ်ပြီး ကျောပေးထားသည့် ဇီလိုက်တစ်သည်လည်း မလှုပ်မယှက်ပင်။

ဇီလိုတက်စ်။ သူ့ကို ရင်းနှီး သလို ခံစားလာရပြီး စတွေ့တုန်းကလို သိပ်မရှိန်တော့။ ဒီလို ခံစားလာမိသည့် သူသည် ဘယ်အချိန်ကပင် မီးနတ်ဘုရားကို ဇီလိုတက်စ်ဟု စိတ်ထဲမှ ခေါ်တွင် နေမိလဲ မသိတော့။

သူငယ်ချင်း တစ်ယောက်နဲ့ တူပြီး ဒေါက်မကျိုးတဲ့ ပေါ့ပျက်ပျက် အတန်းဖော်ဆို ပိုမှန်မည်။

' ပြဿနာရှာသွားပြီး ဒီလို လာအိပ်နေရတော့ ပျော်လား '

ချက်ချင်း ခေါင်းထောင်ကြည့်လာသည်။ သူအဖက်လုပ်ဖို့လည်း ထယ်ဟျောင်းသည်လည်း ဒေါက်မကျိုးမှ ရမည်ထင်။

သို့သော် သူက ထယ်ဟျောင်းကို မျက်စောင်း တစ်ချက်ပင် ပေးပြီး ခေါင်းကို ပြန်လှည့်ကာ ကျောပေးထားမြဲ။ ခဏလောက်နေမှ သူ့ဦးနှောက်သည် ခံပြင်းလာသည်ထင် ဝတ်ရုံရှည်ကြီးကြား ကုန်းရုန်း ထနေသည့် လှုပ်ရှားမှုကို သိလိုက်သည်။

' အခု ငါ့ကို အပြစ်တင်နေတာလား? '

မျက်မှောင်ကျုံ့မေးသည့် ဂျောင်ကုကို ပြန်ကြည့်တဲ့ ရဲတဲ့ လူသားရဲ့ မျက်လုံးတွေ။

' သေချာတာဝန်ကျေခဲ့သင့်တာလေ။ တစ်ချိန်လုံး ဘေးမှာ လိုက်ကူနေခဲ့ရတဲ့ ကျနော့်ကိုတော့ အားနာတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ '

နီတောက်လာသည့် မျက်လုံးတွေကို ဘာသတ္တိမျိုးနဲ့ စိုက်ကြည့်ရဲနေလဲ ထယ်ဟျောင်း မသိတော့။

' ငါကရော တမင်လုပ်ချင်တယ် ထင်လို့လား? ငါလည်း မတတ်နိုင်ခဲ့ဘူး။ ဘယ်လောက် ကြိုးစားနေခဲ့လဲရော မင်းက မမြင်တာလား?!! မလုပ်နိုင်တာကို မလုပ်ချင်တာလို့ပဲ ပေးသိထားစေချင်တယ်! '

PROJECT - 0104Where stories live. Discover now