04 : 13 - ANOTS

271 59 5
                                    

Unicode

တရှုံ့ရှုံ့ ငိုနေတာများ ဝမ်းနည်းပတ်လျက်ပေမို့ ဂျောင်ကု၏ လက်ညိုးသည် ထယ်ထယ့် နဖူးပေါ် ရောက်သွားတော့သည်။ အသာ တွန်းလိုက်တော့ မော့ကြည့်လာသည့် မျက်လုံးတွေက မကြည်မလင် သူဘာလို့များ ဒီလူသားလေးကို သဘောကျမိပါလိမ့်။

' နာတယ်လို့။ '

' ဒါလေးလား နာတဲ့ ရုပ်လေးက '

လက်ကောက်ဝတ်လေး နှစ်ဖက်ကို ဆွဲပြီး ပြောတော့ ထပ်ပြီး ရုန်းလာသည်။ နောက် သူဆွဲခဲ့သည့် လက်လေးတွေကို ကြည့်မိရင်း မျက်ခုံးတွေ ပင့်တက်သွားရတော့သည်။ အပူထိသလို နီရဲကျန်ခဲ့သည့် သူ့လက်ရာတွေ။ နောက်ထပ်ပြီး ဂျောင်ကု၏ မျက်လုံးတွေက နဖူးလေးကို ကြည့်မိတော့ သူတွန်းလိုက်သော နေရာလေးတွင် သူ့လက်ရာသည် နီရဲစွာပင် ထယ်ထယ့် နဖူးပေါ် ကျန်ခဲ့တော့တာ။ ဒါက ဘာများလဲ?

' အရှင့်ကိုဟီရာနဲ့ တိုင်မှာ။ '

ထယ်ဟျောင်းသည် သူ့ကို လိုက်ကိုင်ကာဖြင့် ဒဏ်ရာတွေ ပေးနေသော မီးနတ်ဘုရားကို မျက်စောင်းထိုးရင်း ခပ်တိုးတိုး ပြောလိုက်သည်။

အတော်လေး နာပါသည်။ လောင်ကုန်သည့် သူ့အသားတွေသည် ချက်ချင်းပင် နီရဲလာလျက် ဒီလို လုပ်ရသည့် အရှင်ဇီလိုကိုလည်း သူနားမလည်တော့ပါ။ သူသည် အကောင်းဖြင့် ကူညီပေးနေတာ ဖြစ်ပြီး ဘာလို့များ သူ့အပေါ် ဒီလို ပြုမူရသနည်း။

အတော်ကြာထိ အသံမထွက်လာပါသော အရှင်ဇီလိုကြောင့် ထယ်ဟျောင်း ခေါင်းလေး မော့ကြည့်တော့ အကြည့်ချင်း ဆုံတဲ့အခါ နောက်တစ်လှမ်း ဆုတ်သွားသည့် အရှင့်ခြေများ။

' အရှင်.. '

ထယ်ဟျောင်း မျက်လုံးထဲ ဝင်လာသည့် ထိတ်လန့်ပုံ ပေါ်နေသော အရှင်ဇီလို၏ မျက်နှာထား။ သူယိုင်နေသည့် ခြေတွေကို အားတင်းကာ ကုန်းရုန်း ထလိုက်ရင်း အရှင့်နားတိုးသွားတော့ သူနှင့်ပင် နီးကပ်မှာ ကြောက်သလို ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ထယ်ဟျောင်း လက်ချောင်းလေးတွေကို ကျစ်နေအောင် ဆုတ်လိုက်မိရင်း ကိုယ်လေး တောင့်သွားရသည်။ အရင်ဆို အရှင်သည် သူ့ရှေ့ ချက်ချင်းကြီး ပျောက်ကွယ်သွားတတ်တဲ့ သူမျိုး မဟုတ်။ အရှင်သည်လည်း သူ့ကို စနောက်နေခဲ့သည် မဟုတ်လား.. ဒီလိုပဲ သူနှင့် အရှင်ဇီလို၏ ဆက်ဆံရေးသည် သိပ်အပြောင်းလဲ မြန်ရသည်။

PROJECT - 0104Where stories live. Discover now