04 : 07 - ANOTS

314 63 10
                                    

Unicode

ရေပြင်ပေါ် ဖြတ်ပြေးလာတဲ့ ဖြူဥနေတဲ့ ခြေထောက်လေးတွေကို ဂျုံးကု လိုက်ဖမ်းမိသည်။

' ဖယ်စမ်း ဘိုတန်။ ငါအဲ့ပွဲကို မတက်ဘူးလို့။ '

ရုန်းရင်ဆန်ခတ် အခြေနေဆိုသော် ရေနတ်ဘုရား စီလက်စ်သည့် ဘိုတန့်လက်ထဲမှာပင် ငြိမ်ရသည်။

' အခြေနေတွေကို ဒီထပ်ပိုဆိုးချင်တာလား? အော့ခ်အကြောင်းကို တကယ်ပဲ မသိတာလား စီလက်စ်။ '

နောက်နှစ်ရက်လောက်ဆို နတ်သဘင် အစည်းဝေးကြီး ကျင်းပတော့မှာပင်။ ကြားထဲ အော့ခ်က အလုပ်များကာပင် အခမ်းနားတွေကလည်း ဆက်တိုက်လိုလိုမို့ ရက်တွေခြား ကျင်းပခဲ့ရာ ဒီတစ်ခါ နတ်သဘင် အစည်းဝေးမှာတော့ အော့ခ်က စီလက်စ့်ဘက်က အဖြေကို လိုချင်မှာ အသေချာပင်။

ထိုအခါ စီလက်စ်သာ ထိုပွဲကို မတက်ရင် ပြဿနာတွေက ပိုကြီးသွားတော့မှာ။ ဘယ်နတ်ဘုရားမဆို ပျက်ကွက်၍ မရသော ထိုပွဲကို စီလက်စ်သည် ဘာရှိလို့ အာခံနိုင်မည်လဲ။ မိရင် အပြစ်ကြီးကြီး ရနိုင်သည်မို့ ဂျုံးကုမှာ တားနေရတာ ဖြစ်သည်။

' ဘိုတန်ဂျုံး '

ဧဒင့် ခေါ်သံ။ ဂျုံးကု တစ်ချက် သတိလွတ်တော့

' အိုး စီလက်စ်..! '

ပြေးထွက်သွားတော့သူကို ဂျုံးကု မလိုက်နိုင်တော့စွာပင် ရပ်ကျန်ခဲ့ပြီး ဧဒင်နှင့်အတူ လိုက်လာခဲ့တော့ ညိုးနွမ်းကုန်သည့် ပျိုးပင်လေးတွေကြောင့် ဗြာများနေကြသည့် လူသားတွေ။ ဒီလို အဖြစ်မျိုးလည်း တစ်ခါမျှ မဖြစ်ဖူးတာမို့ ဂျုံးကုပင် အဖြေရှာ၍ မရတော့။

' အရင်ဆုံး ရှင်းကြရအောင်။ ပြီးမှ ပြန်စိုက်ကြည့်တာပေါ့။ '

သန့်စင်တဲ့ မြေတွေကို ပြန်အစားထိုး စိုက်ပျိုးဖို့ လုပ်နေကြတဲ့ လူသားတွေနောက် အပူငွေ့လေး အနည်းငယ် ကျန်နေသော မြေပေါ် လက်ဖြင့် အုပ်ကိုင်မိရာ မျက်ခုံးတွေပင့် ကျုံ့ခနဲ ဖြစ်မိတော့သည်။

' ဧဒင် ထပ်ပြီး သူပဲလား '

ဂျုံးကု သိပြီးသား ဆိုပေမယ့် ဘေးမှ ဧဒင့်ကို သေချာအောင် မေးလိုက်သည်။

PROJECT - 0104Where stories live. Discover now