Unicode
' ထယ်ထယ်ရော? '
' အငယ်လေးကို တွေ့မိသေးလား? '
' ဦးလေး ထယ်ထယ်ရော? '
အတောင်ပံလှလှကြီးတွေနဲ့ ဧဒင်သည် မနက်ထဲက လူသား ရှာပုံတော် ဖွင့်ရတော့သည်။ အစွမ်းနဲ့ ရှာဆိုတောင် မတွေ့တာမို့ နတ်ဘုရား တစ်ဦးဦး လက်အောက်မှာများ ရောက်နေမလားဆိုတဲ့ စိတ်နဲ့ လိုက်မေးနေရတာပင် ဖြစ်သည်။
' မတွေ့မိဘူးဗျ။ အရင်ဆို စောစော မြင်နေကြပါ။ '
ထိုလူသားသည်လည်း စဉ်းစဉ်းစားစားဖြင့်မို့ ဧဒင် တခြား အကြံထုတ်ရတော့သည်။ ဒီကလေးသည် မပြောမဆို ပျောက်သွားတတ်တောင် သူအမြဲ ရှာတွေ့မြဲ။ အခုဆို နေ့တစ်ဝက်တောင် ကျိုးပြီ လုံးဝ မတွေ့ပါ။
ဧဒင်၏ စဉ်းစားနေမှုကြောင့် လှုပ်ခတ်နေသော အတောင်ပံ့ကြီးတွေသည် နီညိုရောင် ဝတ်ရုံနဲ့ နတ်ဘုရားကို အတွေ့မှာတင် ရပ်တံ့သွားလျက်။ ချက်ချင်းဆိုသလိုပင် အနားကို ပြေးသွားလိုက်သည်။
' အရှင်ဇီလိုတက်စ်။ ထယ်ထယ့်ကို မြင်မိလား? '
အနားကို ပြေးကပ်တာနဲ့ နောက်ဆုတ်ကာ မျက်မှောင်ကိုပင် ကျုံ့ကြည့်တော့သည်။ သူကပဲ ဧဒင့်ကို နောက်ဆုတ်ရှောင်နေပါသေးသည်။ ကြည့်ရတာ အခြေနေသည် မကောင်း။
' ငါဒီကိုလာတာ လေ့ကျင့်ဖို့။ သူမရှိရင် တစ်ခြားလူလွှတ်ပေး။ '
ခပ်မာမာ ပြောပြီး မကြာ တစ်ခါမျှ မမြင်ဖူးသော လူသားက မျိုးစေ့တွေကို ပြင်ဆင်ပေးသည်။ လုံးဝ အဆင်မပြေပါ။ ဂျောင်ကုသည် ပန်းအိုးတိုင်းကို မီးရှို့နေတာပင်။ ဒီတိုင်းဆို အားလုံး ပျက်စီးကုန်လို့ လေ့ကျင်စရာတောင် ကျန်မည် မဟုတ်။
' ဟို '
' ဘာလဲ? မင်းက အပြစ်ပြောချင်နေတာလား? '
' အို မဟုတ်ရကြောင်းပါ။ ကျနော်မျိုးက အရှင်နားချင်မလားလို့ပါ။ '
လူသားသည် ကြောက်ကြောက်လန့်လန့်နှင့်ပင် သူ့ကို အရိုသေပေးလာသည်။ နည်းနည်းမှ မျက်နှာကြော မတည့်နေ။ မြင်နေရတာကိုကပင် ဂျောင်ကုကို စိတ်တိုနေတာ ဖြစ်သည်။ သူလည်း အတော်လေး စိတ်ရူပ်နေပြီမို့ ဆောင့်အောင့်ကာပင် ထိုနေရာက ထွက်လာခဲ့တော့သည်။
YOU ARE READING
PROJECT - 0104
FanfictionJEON JUNGKOOK X KIM TAEHYUNG SCIENCE X TIME TRAVEL X GODS TIOFC - TIME TRAVEL - ANOTS Collaboration with Giselle Kay Started - [4 Jan 2023] [26 Sep 2024]