04 : 33 - ANOTS

197 43 9
                                    

Unicode

အပိုင်း (၃၃)

ရေပူဖောင်းတွေ တစ်လုံးပြီး တစ်လုံး လုပ်ယူပြီး ပင်လယ်ပြင်ကြီးပေါ် တင်ကာ ဆော့ကစားပုံရသည့် ရေနတ်ဘုရား စီလက်စ်။

မျက်နှာက ကြည်လင်နေကာဖြင့် ပူပင်သောက နည်းလှသည်။ အကြောင်းတရားကတော့ ရိုးရှင်းစွာဖြင့် သူသည် သူ့ကလေးတွေအပေါ် ဘာစိုးရိမ်စရာမျှ မရှိတော့ပေ မဟုတ်လား။

အခုချိန်သည် အော့ခ်က ဘိုတန့်ကို ငဲ့ကြည့်ပုံ ရကာဖြင့် လက်ဆက်ပွဲကို အလောတကြီး မဟုတ်ဘဲ ခေတ္တ ဆိုင်းငံ့ စေခဲ့သော်လည်း ထိုအရာသည် စီလက်စ်အပေါ် ဘာသောကမှ မဖြစ်စေတော့။

သူကလည်း ဘိုတန့်ကို သဘောကျတာပဲ မဟုတ်လား? အခုနေပဲ လက်ဆက် လက်ဆက်၊ နောင်မှပဲ လက်ဆက် လက်ဆက်၊ လက်မဆက်ဖြစ်ဘဲ အရင်လိုပဲ ဆက်နေဆက်နေ အားလုံးက သူ့တွက် အဆင်ပြေပါ၏။

သူ့ကလေးတွေသာ ဘေးအန္တရာယ် မရှိဆို စီလက်စ်တွက် လိုအပ်သည်မှာ ဘာမျှ မရှိတော့။

' အဲ့လို ပစ်ထားပြီး သွားမတွေ့လို့ရော ကောင်းပါ့မလား? '

အပြာတောက်တောက် ဆံပင်တွေနဲ့ ရေသူမ ပေါက်လေးက စီလက်စ်နား တိုးကပ်ကာပင် လျာရှည်လို့ လာသည်။

အူယားစွာပင် ပါးလေး နှစ်ဖက်ကို ဆွဲပြီး စနောက်တော့ သူ့ကို ရေလေးတွေနဲ့ လိုက်ပတ်သည်။

' ဟိုးး!! တော်ပြီ တော်ပြီ။ ဒီကို လာပါအုန်း။ '

စီလက်စ်သည် ‌ရေသူမလေးနဲ့ပင် ဆော့ကစားကာဖြင့်နောက် သူ တစ်ချက်‌ငိုင်လိုက် မိသည်။ သူ့အနေနဲ့တော့ စိတ်သက်သာရာ ရနေခဲ့တာ ဆိုပေမယ့် ဘိုတန်ကတော့ သေချာပေါက် အဆင်မပြေနေမှာပဲမို့ သူနည်းနည်းလောက်တော့ သတင်းဘာညာ မေးသင့်ပါသည်။

သို့သော် သူက ခြေလေးနေတာ။

' သူက ငိုလာရင် ဘယ်လိုလုပ်မလဲ? '

စီလက်စ်သည် တစ်ပါးသူအပေါ် နှစ်သိမ့်တာ ချော့မော့တာကို မလုပ်တတ်ဆုံးပဲ နာကျင်နေပါတယ်ဆို အဆင်ပြေသွားမှာပါ ဆိုပြီး ပြောတော့ရော တစ်ဖက်သူက သက်သာလို့လား.. ဒီတိုင်း စကားကြီးပဲ အဖတ်တင်တာမို့ တွေးဆဆဖြင့် လွန်ဆွဲ ရပြန်သည်။

PROJECT - 0104Where stories live. Discover now