04 : 32 - ANOTS

251 43 12
                                    

Unicode

အပိုင်း (၃၂)

ပူနွေးပြီး အငွေ့တွေ ထွက်နေသည့် မြေသည် မြေအောက်နန်းတော်၏ ပိုင်နက် ဖြစ်သည်။ သူ့နန်းတော်သည် အေးချမ်းမှု အပြည့်ဖြစ်ပြီး သူ့စွမ်းအားတွေသည်လည်း ဒီဒဏ်ကို ခံနိုင်ဖို့ အများကြီး ထုတ်သုံးနေရတာ ဖြစ်သည်။ ဟီရာ လက်ထဲက အထုတ် တစ်ထုတ်ကို ဆွဲထားရင်း ကျောရိုးကို မတ်ထားပြီး ဝင်ခွင့် ရဖို့ စောင့်တော့ ခဏအကြာ ကြီးမားကြီး ရုပ်ဆိုးတဲ့ မွန်းစတား တစ်ကောင်က ထွက်လို့ လာသည်။

' ဝင်လာလို့ရပါပြီ။ '

ဟိန်းခနဲ ထွက်လာသည့် ထိုမွန်းစတားကြီး၏ အသံသည် စကားသံ ဆိုတော့ ချောက်ကမ်းပါးထဲက ထွက်လာတဲ့ ပဲ့တင်သံကြီးလို ဟီရာ့ နားထဲ ဝင်လာတာ ဖြစ်သည်။ ဟီရာ နန်းတော်ထဲ ခြေချလိုက်ပြီး နောက်နားတွင် ကပ်ပါလာသည့် မွန်းစတား တစ်ကောင်ကို အမေးထုတ်လိုက်သည်။

' ဒေဟီးလာ ဘယ်မှာလဲ? မင်းတို့ သခင်မနဲ့ တွေ့ဖို့ လာခဲ့တာ။ '

လှေကားထစ်လို အထစ်ထစ်တွေနဲ့ ဟိုးအပေါ်ထိ တည်ရှိနေတဲ့ အလွှာထပ်တွေ။ ဟီရာ မော်ကြည့်တော့ တစ်ချိန်ထဲမှာပဲ သူ့ကို ငုံ့ကြည့်လာကြသည့် များပြားလှစွာသော မွန်းစတားတွေ။

' ဒီဘက်ကို ကြွပါ။ '

ထိုအချိန်မှာပဲ ကျောက်ဆောင်တွေ ကြားမှ ထွက်လာတဲ့ နီရဲနေသည့် အသားရေရှိ ကလေးငယ်။ ဟီရာ့ မျက်လုံးတွေသည် ထိုကလေးငယ်ထံ ရောက်သွားပြီး ပြန်မလှည့်နိုင်တော့။ ရောဂါ ဆိုတာ ဒီလို လောင်ကျွမ်းနေတဲ့ အသားရေကို ပြောတာလား?

ဟီရာ လမ်းညွှန်ရာ အတိုင်း နောက်ကလိုက်တော့ ဂူကျောက်တွေ အောက်မှ တစ်ဆင့်ချင်း ကွေ့ပတ်သွားသည့် ကလေး။ ဟီရာ ရှေ့က ကိုယ်လေးကို မျက်လုံးဖြင့် စမ်းစစ်ကြည့်တော့ ခြေထောက်က ထော့နေသည်။

' ခဏ၊ မင်းအဆင်ပြေရဲ့လား? '

ဟီရာသည် အားနည်းသလို ဖြစ်နေသည့် ပုံစံကြောင့် ပုခုံးနှစ်ဖက်ကို အုပ်ကိုင်မေးတော့ ခေါင်းခါသည်။

ဒါက သူ့အပြစ်တွေပဲ..

' ဘယ်နားက နာနေလဲ? '

' တစ်ကိုယ်လုံးပဲ '

PROJECT - 0104Where stories live. Discover now