04 : 30 - ANOTS

281 48 12
                                    

Unicode

အပိုင်း (၃၀)

ပစ္စုပ္ပန်မှ လူတွေ နေထွက်ချိန်ကို စောင့်ကြည့်ကြသည့် အချိန် ဧနော့်မှာတော့ မီးနတ်ဘုရားကို ကွက်မြတ်မည့် အချိန်ဖြစ်သည်။ သွေးနက်တွေသည် အဖြူရောင် ဝတ်ရုံမှာ မြင်မကောင်းအောင် အရောင်ဆိုးထားပြီး ခပ်ကောက်ကောက် ဆံပင်တွေသည် လေတွေကြား လွှင့်ပျံ့နေသည်။

ခြေချင်းဝတ်နဲ့ လက်ကောက်ဝတ်တွေကို ခတ်ထားသည့် သံလက်ထိန်းတွေနဲ့ တောင်အစွန်းအမြင့်မှာ ရပ်နေသည့် သူ။ ဝိုင်းနေသည့် လူသားတွေနဲ့ နတ်ဘုရားတွေ။ သူတို့တွက်တော့ နတ်ဆိုး တစ်ကောင် ဧနော့စ်မှာ မွေးမဖွားလာစေဖို့ စတေးရသည့် အခိုက်တံ့ တစ်ခုလို့သာ ယူဆထားကြတာ ဖြစ်မည်။

အတောင်ပံ ပျောက်သည့် ကိစ္စကို‌ ခေါင်းစဉ်တပ်ရတော့ သိပ်ကိုက်ညီနေပုံ ရသည်။ မည်သူ တစ်ဦးတစ်ယောက်မျှကလည်း ဂျောင်ကု အတွက် ထွက်ဆိုမှု ပြုမပေးကြသလို သူသိသည့် အေရိုသည်လည်း သူ့အတွက်ပင် အမှန်တရားကို တွန့်ဆုတ်နေသည်။ ဂျောင်ကု အနေနဲ့ ဘာကိုမှ မမျှော်လင့်ခဲ့။ သူအေရို့အပေါ်သာ မျှော်လင့်ခဲ့တာ ဖြစ်သည်။

ဂျောင်ကု ဆိုတာက မွေးလာထဲက ပိတ်လှောင်ခံရလည်း ခဏလောက် သောင်းကျန်းပြီး ငြိမ်သွားတတ်တဲ့ သူဖြစ်သည်။ ဘယ်သူတွေ ဘာလုပ်လုပ် ဂရုမစိုက်တတ်ဘဲ သူလည်း သူလုပ်ချင်တာ သူဖြစ်ချင်တာကို ရအောင် လုပ်တတ်တာ ဖြစ်သည်။

သူသည် ဒီစီရင်မှုကြီးအပေါ် မခံမရပ်နိုင် ဖြစ်မိပေမယ့် သူ့စိတ်လေးသည် တစ်စုံတစ်ဦးကို မျှော်မိသည်က ပိုနေ၏။ ဒီလို မြန်မြန်ကြီး သူက အဆုံးသတ်သွားရမှာလား။

ကျနော့်မှာ သူ့ကို ဖိနပ်လေးတောင် သေချာ လက်ခံတဲ့အထိ မပေးနိုင်သေးတာကို။

ဘာရယ်မဟုတ်ဘဲ ရုန်းကြည့်သည့် လက်ကောက်ဝတ်မှ သံတွေသည် သိပ်လေးနေသည်။ စွမ်းအားတွေ အားလုံးကို ထုတ်ယူပြီးပြီ မဟုတ်လား ဒါကိုတောင် သူ့ကို ဒီလိုတွေ ချည်နှောင်ထားတဲ့အထိ အော့ခ်က သူ့ကို ကြောက်နေခဲ့မှန်း အခုမှ သိလာခဲ့သည်။

အေရို ပေးဖူးတဲ့ ပန်းဝတ်ရည်တွေ ပါတဲ့ ဖန်လုံး ပုလင်းလေးက သူ့နန်းဆောင်မှာ ကျန်ခဲ့သည်။ ဂျောင်ကု ထိုဘူးလေးကို တစ်ခါမျှ မဖွင့်ရသေးဘူး။ မလုပ်ရသေးတာတွေ အများကြီး ကျန်နေသေးတယ်။ တွေးနေစဉ်မှာပဲ အနည်းငယ် ရလိုက်သည့် အနံ့လေးကြောင့် သူမျက်လုံးတွေကို အသည်းသန် ကစားမိတော့ ဟီရာနှင့်အတူ လိုက်ပါလာသည့် အေရို။ နောက်တွင်တော့ အစိမ်းနုရောင်နှင့် ဂျုံးကု ပါရှိသည်။

PROJECT - 0104Where stories live. Discover now