04 : 15 - ANOTS

357 59 12
                                    

Unicode

' အပင်က မျိုးမကောင်းတာဖြစ်မယ်။ ပန်းမပွင့်တဲ့ မျိုးပဲ ဖြစ်မှာ။ '

သူ့ဘာသူ ရှိနေတဲ့ မျိုးစေ့လေးတွေကိုတောင် အရှင်က အပြစ်တင်နေလိုက်သေးသည်။

' မဟုတ်ပါဘူးနော်။ '

' ဘာလို့မဟုတ်ရမှာလဲ.. ဟုတ်ကိုဟုတ်တယ်။ '

နှစ်ရက်လောက် အပင်တွေနဲ့ ဝေးသွားတာနဲ့ ကျင့်သားပျက်သွားသည့် ဂျောင်ကုက အဖူးအတိုင်း ရှိနေသည့် ပန်းပင်လေးကိုပင် ဆူပုတ်ကာ ဝေဖန်နေတော့သည်။ ထယ်ဟျောင်းသည်လည်း မျက်လုံးလေးသာ လှန်ကြည့်ပြီး နောက်တစ်အိုး ပြင်ဆင်နေတော့သည်။ သူ့မှာ နတ်ဘုရားပေမို့ ဆူလို့လည်း မရ။ အတင်း လိုက်ငြင်းလို့လည်း မရနဲ့ အတော်လေး ထိန်းနေရသည်။

' ငါ့အိမ်ကို လိုက်ခဲ့ပါလား '

ထယ်ဟျောင်း ပြင်ဆင်နေသည့် ပန်းအိုးလေးကို သူက လက်နှစ်ဖက်ဖြင့် ဆွဲစောင်းပြီး ထယ်ဟျောင်းအာရုံစိုက်လာအောင် လုပ်လိုက်တာ။

' မြေတွေ ဖိတ်ကုန်ပြီ။ '

' ငါ့အိမ်ကို လိုက်ခဲ့။ '

ဘာကိုမှ ဂရုမစိုက်နေတာမို့ မျက်မှောင်လေး ကျုံ့ပစ်လိုက်သည်။ လေ့ကျင့်ရမှာပါဆို အောင်တောင် မအောင်မြင်သေးဘူး ပြေးချင်နေပြီ။

' ဘာတွေတွေးနေလဲ အကုန်သိတယ်နော်။ '

' သိရင်လည်း ဆက်ပြီးပဲ လေ့ကျင်ရအောင်ပါ။ ကျနော်တို့မှာ အချိန်မရှိတော့ဘူး။ '

ပင့်တက်ကာ တက်ကြွနေသည့် ဂျောင်ကု၏ ပုခုံးတွေသည် အိကျသွားသည်။

' မရဘူး။ အိမ်ကို မလိုက်ချင်ရင် နားဆောင်ကို လိုက်ခဲ့။ '

ချက်ချင်း ထရပ်သည့် အရှင့်နောက် ထယ်ဟျောင်း ဘာပစ္စည်းတွေကိုမှ မသိမ်းဆည်းနိုင်တော့ပဲ ပြေးလိုက်ရတော့သည်။ တော်ကြာ အရင်လို ပြန်ပျောက်သွားမှ ဒုက္ခရောက်မှာ မဟုတ်လား။ တကယ်ထဲ အရှင်သွားသည့် နေရာသည် ဘိုတန်ပေးထားသော သူ၏ နားနေဆောင်ပင်။

' ထိုင်။ ကိုယ်ပေါ်က အဝတ်တွေ ဖယ်လိုက်။ '

ထယ်ဟျောင်း မျက်ခုံးလေးတွေ ပင့်သွားရသည်။ ဘာလို့ အဝတ်ကိုလဲ?

PROJECT - 0104Where stories live. Discover now