04 : 19 - ANOTS

228 52 14
                                    

Unicode

အေးခနဲ လာလာစင်သည့် ရေစက်လေးတွေက ထယ်ဟျောင်း၏ အဖြူရောင် အင်္ကျီလေးပေါ်၊ အရှင်ဘိုတန်သည် ဧဒင်ကို မှာစရာ ရှိတာတွေ မှာလို့နေပြီး သူကတော့ ဘိုတန်၏ နန်းဆောင်ထဲတွင် ထိုင်စောင့်နေတာ အတော်ကြာပြီ ဖြစ်သည်။ မခြောက်သေးသည့် ပါးပေါ်က မျက်ရည်တွေကို နှာတစ်ချက် ရှုံကာ ပွတ်ဆွဲလိုက်ရင်း နဖူးက ချွေးစတွေကိုပါ ဖယ်ရှားလိုက်သည်။

ဘိုတန့်ကို တွေ့တော့ မထိန်းနိုင်ဘဲ ငိုမိတော့တာ။ ကျောပေးထားကာ အလုပ်ရူပ်နေသူက အနားကို လျှောက်လာတော့ ထယ်ဟျောင်း ခြေတွေက ခပ်စိတ်စိတ်ဖြင့် အရှင့်နားကို တိုးသွားတော့တာ။ လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် အရှင့်ခါးကို ချိတ်တွယ်လိုက်သည်။

' ဘာတွေ အပြစ်လုပ်ထားပြန်သလဲ ကလေး။ ကိုယ့်ကို ဒီလိုကပ်နေတာ ကြာပြီနော်။ '

တကပ်ကပ်နဲ့ သားပိုက်ကောင်လေးလို ဝတ်ရုံစကို မလွှတ်သည့် လက်လေးတွေသည် သူဘယ်သွားသွား တကောက်ကောက်ပါ။

' စိတ်ပူအောင် လုပ်တယ်။ '

ထယ်ဟျောင်း၏ ချိတ်တွယ်ထားသည့် လက်တံတွေပေါ် ပွတ်ဆွဲလာသည့် လက်ဝါးတွေသည် ပုခုံးနားတွင် ရပ်၏။ ဟက်ခနဲ ပြုံးရယ်သံ တိုးတိုးက ထယ်ဟျောင်း၏ နားတွေကို ရဲသွားစေသည်။

' လူကြီးဖြစ်တဲ့ ကိုယ့်ကို မင်းလေးက ဘာစိတ်ပူစရာ ရှိသလဲ။ ဘာတွေများ ကိုယ်က စိတ်ပူအောင် လုပ်မိသလဲ။ '

အနည်းငယ်လေး မော့ကြည့်ရုံနှင့် ဆုံနိုင်သည့် မျက်လုံးတစ်စုံကို ထယ်ဟျောင်း မက်မောစွာ မော်ကြည့်မိသည်။

သိပ်များ နှေးလွန်းသလား အရှင်..
စိတ်မရှည်တတ်တာကိုလေ။

' အပြစ်ကို ခံမှာမို့ ကျနော့်ကို နားလည်ပေး။ '

' ကဲပြော။ ဘာအပြစ်လုပ်ထားလဲ? '

ဘိုတန်သည် သူ့ကို အပြုံးတွေဖြင့် စောင့်ဆိုင်းနေသည်။ ထယ်ဟျောင်းသည် ကြည်လင်သည့် မျက်လုံးတွေထဲ တရစ်ချင်း နစ်ရင်းမှ လမ်းမမြင်တော့။

လည်တိုင်ပေါ် လျှောက်တက်သွားသည့် လက်တံတွေသည် ဂျုံးကုကို ချိတ်တွယ်ရင်း ဆွဲချလာသည်။ ထုတ်လွှတ်လိုက်သည့် နှာဖျားဝမှ အငွေ့နွေးနွေးသည် ဂျုံးကု၏ နှုတ်ခမ်းပါးပေါ် ရိုက်ခတ်လျက်နှင့်ပင် ဖိကပ်လာသည့် နှုတ်ခမ်းအိအိ။

PROJECT - 0104Where stories live. Discover now