04 : 12 - ANOTS

330 55 12
                                    

Unicode

ပြင်ပ နာကျင်မှု အနေနှင့် ပွန်းပဲ့ခြင်း ဆိုသော် ကိုယ်တွင်းမှ နာကျင်မှုသည် လမ်းလျှောက်ခြင်းကိုပင် ဒုက္ခပေးလို့နေသည်။ ခြေတစ်ဖက်သည် ဆန့်လျက်ပင် ပြုတ်ကျသွားရသလို နောက်တစ်ဖက်သည်လည်း ကွေးလျက်ပင် ထိန်းလိုက်မိတာမို့ သူ့အဖြစ်က ခြေနှစ်ဖက်လုံးကို သုံးမရဘဲ နာနေတော့တာ ဖြစ်သည်။ ညာခြေမှ ဒူးအတွင်းကြောသည် တုတ်ကြီး ထိုးခံထားသလို နာကျင်လှပြီး ကျန်တစ်ဖက်သည်လည်း အကြောညှပ်သွားပုံ ပေါ်သည်။ ထယ်ဟျောင်း အခုချိန်တွင် စိတ်ရူပ်တော့တာပဲ သိသည်။

ထယ်ဟျောင်း၏ ကိုယ်တွင်း အပူချိန်သည်လည်း အေးနေချိန်မို့ ပိုဆိုးလှကာဖြင့် ဘေးမှ အရှင်ဇီလိုသည်လည်း ဘာတုန့်ပြန်မှုမှ မရှိဘဲ စောနကတည်းက ငြိမ်သက်နေတော့တာ ဖြစ်သည်။

အနည်းငယ်တော့ မကျေမနပ် ဖြစ်ရသား.. အရှင်သည် သူတွေးတာကြ ကြားနိုင်ပြီး အခုကြ သူသည် အရှင်တွေးသည်ကို မကြားနိုင်ပါ။

"ဒီမှာပဲထိုင်နေတော့မှာလား?"

ထယ်ဟျောင်း စိတ်ထဲမှ တွေးကာ ပြောလိုက်သည်။ သို့သော် အရှင်သည် ငြိမ်သက်နေဆဲ။

"ခြေထောက်က အရမ်းနာနေပြီ။ ကျနော်ပြန်ချင်ပြီ။"

' ... '

"ဒီတိုင်းဆို မိုးချုပ်သွားမယ်ထင်တယ်။ ကျနော်ဘိုတန့်ကို တွေ့ချင်သေးတယ်။"

ထယ်ဟျောင်း စိတ်ထဲမယ် ပိုလို့ပင် ဝမ်းနည်းလာမိတော့သည်။ အရှင်ဟီရာ၏ စကားကို ကြားပြီးပြီးချင်းမှာတင် မမှီလိုက်ရင် ဆိုသည့် စိတ်က ကြီးစိုးနေတာကို၊ မဟုတ်တောင် သူက အမြန်ပြန်ဖို့ စဉ်းစားထားတာကို၊ အခုတော့ အမြန်ပြန်ဖို့ နေနေသာသာ ထယ်ဟျောင်း၏ ခြေထောက်တွေက တစ်လှမ်းချင်း လျှောက်တောင် နာကျင်လို့နေရပြီ။ ဘယ်လို အမြန်သွားနိုင်မည်လဲ..

"အရှင်ဇီလိုလို့.."

' ဆက်ပြီး လစ်လျူရှုနေတော့မှာလား.. '

ထယ်ဟျောင်း မနေနိုင်သည့်အဆုံး နှုတ်မှပင် ထုတ်ပြောလိုက်လေရာ ဘေးကို လှည့်ကြည့်လာသည့် မျက်လုံးအိမ်တွေကြောင့် သက်ပြင်းဖွဖွ ချရင်း နှုတ်ခမ်းတွေကို ခုံးပစ်လိုက်သည်။ သူက တကယ် ကြားနေရတာရော ဟုတ်ရဲ့လား? ထယ်ဟျောင်းကိုပဲ ခေါင်းစားနေစေတာများလား?

PROJECT - 0104Where stories live. Discover now