04 : 17 - ANOTS

320 53 15
                                    

Unicode

*ဘုတ်!!*

ရုတ်တရက် ပစ်ချခံလိုက်ရလို့ အီဆောင့်သွားသည့် ကျောပြင်။ ထယ်ဟျောင်း မျက်လုံးတွေတောင် ပြန်မှိတ်ချလိုက်ရသည်။ အကွာဝေးက လေးလက်မလောက်ဆိုတောင် ထယ်ဟျောင်း၏ ကျောပြင်ကတော့ အီခနဲ။

ဒါက ပြုတ်ကျတယ်ဆိုရင်တောင် နည်းနည်း တော်သေးပေမယ့် အခုဟာက သူ့ရင်ခွင်ထဲကနေ ပြန်တွန်းချလာတာကြီး။

' ဒီမှာ! '

' ဘာလဲ? '

မျက်မှောင်တွေကို ကျုံ့ကြည့်လာသည့် ဂျောင်ကုကြောင့် ထယ်ဟျောင်း အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။

' ဘာလို့ ပစ်ချတာလဲ? '

' ဘာလို့လို့ ထင်လဲ? '

တင်ပြင်ခွေထိုင်ပြီးရင် မေးတငေါ့ငေါ့ ပြောလာတာ။

' ဘာကို ထင်ရမှာလဲ ရုတ်တရက်ကြီး ပစ်ချရအောင် ကျနော်က လူသားလေ! '

ထယ်ဟျောင်းလည်း အမြန် ထထိုင်ကာပင် တုန့်ပြန်မိသည်။ သူလည်း စိတ်တိုတတ်ပါသည်။

' ဒီဆံပင်တွေကို မမြင်ဘူးလား? ဘိုတန်နိုဖိုင်လ်မှာ ဒီအကောက်တွေ ရှိလို့လား ပြော! '

ဟုတ်တော့လည်း ဟုတ်ပေမယ့် သူက ဘယ်လိုလုပ် အဲ့လောက်ထိ ရုတ်တရက် မြင်မှာလဲ?

' အရမ်းရစ်တာပဲ '

' ဘာပြောတယ်? '

ထယ်ဟျောင်း မျက်လုံးလေး လှန်ကြည့်တော့ သူကလည်း မျက်ခုံးတွေ တွန့်ချိုးထားဆဲ။ ထယ်ဟျောင်းက အခု ဘယ်သူနဲ့ အတိုက်ခံ လုပ်နေမိလဲ ပြန်တွေးမိတော့ စိတ်လျော့လိုက်သည်။

မျက်နှာထားကို ပြင်တာ နေတော့ လက်နှစ်ဖက်ကို ဆွဲယူပြီး ပုခုံးပေါ် ဆွဲတင်ကာ ခဏတွင်းမှာပဲ ထယ်ဟျောင်းသည် ဂျောင်ကု၏ ကျောပေါ် ရောက်သွားရတော့သည်။

' ငြိမ်ငြိမ်နေ။ အခုနေ ပြန်မှ ရမယ်။ '

အနည်းငယ် လှုပ်နေသည်ကြောင့် သတိပေးလိုက်တော့ ငြိမ်ကုတ်သွားသည်။ နောက်ဂျောင်ကု ခြေလှမ်းတွေကို သတိထားရင်း လျှောက်နေစဉ်မှာပဲ ငြိမ်ငြိမ်နေပါ ပြောထားသည့် ကိုယ်လေးက နောက်ကို လှန်ကျတော့မလို မတ်ခနဲ။

PROJECT - 0104Where stories live. Discover now