04 : 26 - ANOTS

263 54 8
                                    

Unicode

ချည်စတွေကို အိပ်တစ်ချောင်းနဲ့ ဆွဲဆွဲယူကာ ချည်သည်။ ထိပ်ကောက်နေသည့် အပ်သည် ဒီနေ့မှ ဂျောင်ကု အပေါ် အတော်လေး ဒုက္ခပေးနေကာဖြင့် ဆွဲယူလိုက်တိုင်း ဘာကြိုးစမှ ပါမလာ။ စိတ်ရှည် သည်းခံကြည့်ကာဖြင့် မျက်မှောင်တွေကို ကျုံ့ကာ အာရုံစိုက်လိုက်သော် မရတဲ့အဆုံး လက်ထဲက အပ်ရော တောင်းကြီးကိုသာ ပစ်ပေါက်လိုက်တော့သည်။

' စိတ်ရူပ်စရာတွေ! '

တိတ်ဆိတ်သွားကြသည့် နိုင်းလ်၏ နန်းတွင်းသူများမှာ ဂျောင်ကုကြောင့်ပင် အထိတ်တလန့် ဖြစ်သွားရတော့သည်။ ဂျောင်ကုက စိတ်လေနေလို့ နိုင်းလ်ဆီ ရောက်နေတာ ဖြစ်ပြီး တစ်ခုခု လုပ်နေရမှ စိတ်သက်သာမယ် ထင်လို့ ခိုင်းစရာ မရှိဘူးလား ဆိုတဲ့ ထိုနတ်ဘုရားကို နိုင်းလ်က ဖိနပ်လေးတွေ ထိုးခိုင်းနေတာပင်။

သူ့ဘာသူ လုပ်ချင်တယ် ပြောလို့ မအိပ်မနေ လုပ်နေပြီးမှ ဝုန်းဒိုင်းကျဲပြန်လေတော့ နန်းတွင်းသူတွေသည် နေစရာ မရှိတော့။ ပိုင်ရှင်ရှိမနေသည့် နန်းဆောင်ကြီးထဲ ဂျောင်ကု၏ အသံတွေချည်း။

' တစ်ယောက်လောက် လာသင်ပေးစမ်း '

လက်တစ်ဖက်ကို ယှက်ခေါ်နေပုံသည် နည်းနည်းမှ စိတ်မရှည်နေပုံ။ ချည်ထိုး အတော်ဆုံး နန်းတွင်းသူကိုပင် အထိန်းတော်ကြီးက ရှေ့ပို့ရင်း ခိုင်းစေတော့မှ ဂျောင်ကုနား ရောက်လာသည့် မိန်းကလေး တစ်ယောက်။ သူမကလည်း လူသားပဲ။ လူသားကို မြင်လိုက်ရတော့ ပိုလို့ပင် စိတ်ရူပ်လာကာဖြင့် မျက်နှာကိုပင် လက်တွေဖြင့် သပ်ချလိုက်မိတော့သည်။

' ဘယ်လိုလုပ်ရလဲ မြန်မြန်ပြော။ '

ထိုအခါ လူသားမိန်းကလေးသည် ဂျောင်ကု၏ ထိုးလက်စ ဖိနပ်အလှလေးကို ယူကိုင်ရင်း စိတ်ပူလာရသည်။

' ဘာဖြစ်တာလဲ? ဒါဘယ်လို ဆက်ထိုးရမလဲလို့ '

' ဒီနားမှာထဲက မှားသွားတာပါ အရှင်။ အစကနေ- '

' ဘယ်လို? '

ဂျောင်ကုသည် "ဒီနားမှာထဲက မှားသွားတာပါ" ဆိုပြီး ချည်အစနားကို လက်ညိုးထိုး ပြောတော့ မျက်လုံးတွေ ဝိုင်းကာပင် တစ်ခါထဲ တစ်ကိုယ်လုံးပါ နီရဲလာတော့သည်။

PROJECT - 0104Where stories live. Discover now