28

1.2K 93 16
                                    

ဆေးရုံသို့ သမ္မတKim ရဲ့ မိခင်ပြောင်းရွေ့လာပေမယ့် အားလုံးတိတ်တဆိတ်စွာလှုပ်ရှားကြတာကြောင့် ဘယ်သူမှတောင် မသိလိုက်ပဲ VVIP အထပ်သို့ရောက်လာခဲ့သည်..

Taehyung နဲ့ ဆေးရုံအုပ်ကတော့ သမ္မတKim မိခင်အတွက်အခန်းကိုကြိုတင်ပြင်ဆင်ထားကာ အခန်းမှာပဲစောင့်နေကြသည်..

ဝှီးချဲပေါ်မှာလိုက်ပါလာတဲ့ မိခင်ဖြစ်သူကို သမ္မတ Kim ဟာ ကိုယ်တိုင်တွန်း၍သာ ရောက်လာခဲ့သည်..Taehyung နဲ့ ဆေးရုံအုပ်ကာ ရှေးဦးစွာ ဂါဝရပြုနှုတ်ဆက်ကာ အခန်းတွင်းသို့ ဝင်စေပြီးအနောက်ကနေလိုက်ပါလာခဲ့သည်..

" သမ္မတ Kim အခန်းပြင်ဆင်ထားတာ အဆင်ပြေရဲ့လား "

အမေဖြစ်သူက ဆေးရုံဆိုတာကို မကြိုက်တာကြောင့် အတက်နိုင်ဆုံးအခန်းပုံစံလေးကို အိမ်အခန်းလေးနဲ့တူအောင် ကြိုတင်ပြင်ဆင်ရန် သူ၏လက်ထောက်များကို စေခိုင်းထားသလို Taehyung နဲ့ ဆေးရုံအုပ်ဟာလည်း ကျန်လိုအပ်ချက်လေးတွေကို ပံ့ပိုးပြင်ဆင်ထားပေးသည်..

" ပန်းတွေက "

" သမ္မတ Kim အဲ့တာက ဒေါက်တာKim အကြံပေးလို့ပါ အမျိုးသမီး အယောက်100မှာ 99ယောက်လောက်က ပန်းလေးတွေသဘောကျကြတာကြောင့် ဒေါက်တာKim က ကိုယ်ပိုင်အိမ်အခန်းလေးထဲမှာ ပန်းလေးတွေလည်း ပါသင့်တယ်ဆိုလို့ ထည့်ထားပါ အဆင်မပြေရင်...."

သမ္မတKim အမေးကို ရှင်းပြနေတဲ့ ဆေးရုံအုပ် Taehyung မှာတော့ လက်ကလေးနှစ်ဖက်ကိုဆုတ်ကိုင်ကာ ခေါင်းလေးငုံပြီး သမ္မတKim ဘာပြောမလည်းဆိုတာကိုသာနားစွင့်နေသည်..

ဆေးရုံအုပ် ရှင်းပြနေချိန်တလျှောက် သမ္မတKim ဟာ  ခေါင်းလေးငုံ့ထားတဲ့ ​ဒေါက်တာ Kim ကိုသာ အာရုံရောက်နေသည်ဆေးရုံအုပ် စကားမဆုံးခင်မှာပဲ သမ္မတKim စီက ကျေးဇူးတင်စကားကြားလိုက်ရသည်.

" ကျေးဇူးတင်ပါတယ် ဒေါက်တာ Kim..ဦးရဲ့အမေက Arum-lily (လက်ထပ်ပန်း) ကိုအရမ်းသဘောကျတာ "

" ဟုတ်ကဲ့ သမ္မတKim "

" ဒေါက်တာ Kim ဒါက ဦးရဲ့အမေပါ ဒေါက်တာ Kim ကိုပြောပြထားတာတွေရော ဆေးရုံအုပ်ပို့ထားတဲ့ ဆေးမှတ်တန်းတွေအရပါ ဦးဘာမှထက်ပြောစရာမလိုလောက်ဘူးထင်တယ် "

U JayWhere stories live. Discover now