5နှစ်ပြည့်ဖို့အလို 4နှစ်ကျော်ဆိုတဲ့ အချိန်ကာလတခုအရောက်မှာတော့ အခန်းရဲ့ လှုပ်ကုလားထ်ိုင်ပေါ် ပါးလွှာတဲ့ အဖြူရောင် shirt အကျီလေးကို style pan အမဲရောင်နဲ့တွဲကာဝတ်လို့ထားပြီး မျက်လုံးလေးမှိတ်ကာ တီးလုံးသံတိုးတိုးလေးဖွင့်လို့ တိတ်ဆိတ်စွာ အနားယူနေတဲ့ UJay..
Taehyung ပြန်လာတော့မယ်ဆိုတဲ့ သတင်းရတဲ့နေ့ကစလို့ suga က Jungkook ကိုပြောတော့မပြောပြပေမယ့် သူငယ်ချင်းဖြစ်သူနေပြန်ကောင်းလာစေဖို့ YoungJay ပြောတဲ့အတိုင်း စိတ်တွေကိုအရင်လို အလုပ်ထဲ ဖြေးဖြေးခြင်းသိမ်းသွင်းလာကာ ခုဆိုအခြေအနေဆိုးလာမယ့် အချိန်ကာလကိုဖြတ်ကျော်ကာ ပုံမှန်အနေအထားတခုကို ပြန်ရောက်လာသည်ဟုဆိုရမည်..
"Jungkook ရော့ ဒီမှာကြည့်လိုက် "
ဟုဆိုကာ Jungkook စီ အညိုရောင်စာအိတ်လေးပေးလိုက်သည်..
" ကလေးငယ်ပုံလား "
" မင်းကြည့်လိုက်ပါ အရမ်းအံ့သြသွားလိမ့်မယ် "
လှုပ်ကုလားထိုင်ကို မှီထိုင်ရာကနေ ခါးလေးမက်လာကာ suga လက်ထဲက စာအိတ်ကိုလှမ်းယူလိုက်ပြီး ဖွင့်ကာ အထဲထဲကဓာတ်ပုံလေးတွေကိုကြည့်လိုက်သည်..
"suga ဒါ ဒါ ကလေးငယ် ပြန်လာတာပေါ့ တကယ်ကို လူကြီးတယောက်အဖြစ်ပြန်လာတာပဲ ငါပြောတယ်မဟုတ်လား ငါခဏလောက်လက်လျော့လိုက်ရင် ကလေးငယ်က သူဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်ကြိုးစားမှာလို့ "
" အဲ့လိုလက်လျော့လိုက်လို့ သူဖြစ်ချင်တာဖြစ်ရပါပြီ မင်းကရော မင်းကရော!! "
အနည်းငယ်စကားပြောရင်း suga ရဲ့ဒေါသက ထွက်လာပြန်သည်..
" ငါကလား ကလေးငယ်သာ အဆင်ပြေတယ်ဆို ငါပြေတယ် "
" ရော့ ဒါက ကောင်လေး မင်းဆေးရုံမှာ အလုပ်လုပ်မယ့်အချိန်ဇယား မင်းတွေ့ချင်တယ်ဆို သွားတွေ့လို့ရပြီ Kim Taehyung က ဆေးရုံမရောက်ခင်ထဲက ဒီမှာတော်တော်လေး နာမည်ကြီးနေတာ လူငယ်ချောချောလေးဆိုပြီးတော့ရော အရမ်းတော်တဲ့ ဆေးကျောင်း သားတယောက်အနေနဲ့ရော အဂ်လန်ကဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလုပ်သင်ဘဝအတွေ့ အကြုံကောင်းတွေနဲ့ တော်တယ်ဆိုတဲ့အကြောင်းတွေ အစုံပဲ တကယ်တော်ပါတယ် ခုဆို ဆရာဝန်ကောင်းတယောက်အနေပါဖြစ်နေပြီ မင်းရော မတွေ့ချင်ဘူးလား ကောင်လေးကို "
![](https://img.wattpad.com/cover/377682860-288-k835218.jpg)