ဒုန်း!!! ဝုန်းး!!
အိမ်တော်တတိယထပ်ကနေကျယ်လောင်
စွာထွက်လာတဲ့ပစ္စည်းများရိုက်ခွဲသံအော်
ဟစ်သံတွေကိုအားလုံးလျစ်လျူရှုထား
လိုက်ပြီးကိုယ်လုပ်စရာရှိတာကိုသာအေး
ဆေးလုပ်ကိုင်နေကြသည်။သခင်ကြီးနဲ့
သခင်မတို့မရှိတာနဲ့ဒါမျိုးကိစ္စတွေကအိမ်
တော်မှာဖြစ်နေကြပင်။သခင်လေးရဲ့ဒေါ
သကိုလဲသူတို့ကြောက်ရသလိုအစ်ကိုလေး
ကိုလဲသူတို့သနားရသည်။ဘယ်တော့များ
မှသခင်လေးနဲ့အစ်ကိုလေးတို့ကြားအဆင်
ပြေချောမွေ့မှာပါလိမ့်။အိမ်အောက်ထပ်ကအလုပ်သမားတွေ
ကအေးဆေးနေနိုင်ပေမဲ့တတိယထပ်က
အလုပ်သမားတွေမှာတော့သခင်လေးရဲ့
ဒေါသကိုခါးစည်းခံနေကြရသည်။သခင်
လေးရဲ့ဒေါသတကြီးအော်ဟစ်သံနှင့်
အတူပစ္စည်းများပစ်ပေါက်တာတွေကိုလဲ
လိုက်ဖမ်းကာထိန်းသိမ်းနေရသည်။
ဘယ်သူမှပင်ခေါင်းမမော်ရဲလောက်
အောင်ကြောက်ရွံ့နေကြပြီးအခန်းထဲက
နေပစ်လွှတ်နေတဲ့ပစ္စည်းတွေကိုသာတစ်
ခါထဲရှင်းလင်းကြရသည်။အစ်ကိုလေး
အမြန်ပြန်ရောက်လာဖို့လဲသူတို့စိတ်ထဲ
ကြိတ်ပြီးဆုတောင်းရင်းဗျာများနေရ
သည်။ထိုအချိန်မှာပင်အပေါ်ထပ်ကိုတက်
လာတဲ့လူတစ်ယောက်မျက်နှာကတည်
တင်းနေပြီး ခြေလှမ်းချပုံကအစအေး
ဆေးစွာတည်ငြိမ်နေသည်။ဝတ်ထား
တဲ့shirtမီးခိုးရောင်နှင့်လိုက်ဖက်စွာ
မျက်ဝန်းများကမှိုင်းညှို့လျက်။အလို
မကျစွာစုကြုံ့ထားတဲ့မျက်ခုံးတွေ
ကထိစပ်လုနီးနီးပင်။"အစ်ကိုလေး!!...."
အိမ်စေတစ်ယောက်ကအစ်ကိုလေးဆို
သူကိုမြင်တာနဲ့အပြေးလွှားကြိုဆိုလိုက်
ရင်း..."သခင်လေးက..."
အစ်ကိုလေးကဆက်မပြောဖို့လက်ကို
ကာပြလာပြီး သူ့လက်ထဲကကားသော့
လေးကိုထိုအလုပ်သမားလေးလက်ထဲ
ထည့်ပေးကာတံခါးဖွင့်ထားတဲ့အခန်း
ထဲခြေလှမ်းလိုက်စဉ်မှာပင်မျက်နှာကို
လာမှန်တဲ့ခွက်တစ်ခု..."အစ်ကိုလေး!!..."
အားလုံးရဲ့စိုးရိမ်တကြီးခေါ်သံနှင့်အတူ
အစ်ကိုလေးဆိုသူရဲ့ခေါင်းပေါ်ကကျလာ
တဲ့သွေးအနည်းငယ်နှင့်အောက်ကိုကျ
ကာကွဲသွားတဲ့ဖန်ခွက်လေးကအစိတ်
စိတ်အမွှာ။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖