ဂျောင်ဟွမ်အန်ကယ်နဲ့မျက်နှာချင်း
ဆိုင်ထိုင်နေပြီး မျက်လုံးချင်းမဆုံမိ
အောင်ရှောင်နေမိသည်။ဒါကသူ့ဘဝ
မှာပထမဆုံး တစ်စုံတစ်ယောက်ကို
ရင်မဆိုင်ရဲတဲ့အချိန်ပင်။"သားငယ်"
"ဗျာ"
အန်ကယ်ကခုံကိုမှီထားရင်းမှလက်မ
နဲ့လက်ညှိုးကိုသုံးကာသူ့ရဲ့နားထင်
တွေကိုနှိပ်နယ်နေပုံက အတော်လေး
စိတ်ထိခိုက်သွားပုံရသည်။"အန်ကယ် ကိုတစ်ခုခုရှင်းပြလို့
ရမလား""ဟုတ်...ကျွန်တော်တို့အဆင်ပြေနေ
ကြပါတယ်"ဂျောင်ဟွမ်စကားကိုနားလည်သွားပုံ
ရတဲ့အန်ကယ်ကသက်ပြင်းရှည်တစ်
ခုကိုဆွဲဆွဲငင်ငင်ချလိုက်ရင်း..."သူအတိတ်မေ့နေတဲ့ပုံစံကိုသဘော
ကျတာလား"ထိုမေးခွန်းအတွက်အဖြေဂျောင်ဟွမ်
မှာမရှိ။တိတ်ဆိတ်ရင်းနဲ့သာလျစ်လျူ
ရှုလိုက်မိသည်။ထိုအခါအန်ကယ်က
တစ်ခုခုကိုသဘောပေါက်သွားပုံဖြင့်..."မင်းကလဲအန်ကယ်သားပဲမို့ဘာမှ
ဝင်မပါလိုဘူး ဒါပေမဲ့သားကြီးကို
ထပ်ပြီးစိတ်ညစ်စေမယ်ဆိုရင်တော့
အန်ကယ်ကိုယ်တိုင်အဝေးပို့ပစ်ရလိမ့်
မယ်"နောက်ဆုံးစကကြောင့်ဂျောင်ဟွမ်
လက်သီးတွေတင်းကြပ်စွာဆုပ်မိ
သွားရသည်။ဘယ်လိုမှထိုလူကိုသူ့အဝေးမှာမထား
ချင်ပါ။အဲ့လိုမျိုးတစ်သက်လုံးမဖြစ်
စေရဘူး။"ကျွန်တော်ပျော်အောင်ထားမှာပါ"
"ကောင်းပြီမင်းစကားကအမြဲတမ်း
အတွက်ဖြစ်ပါစေ"စကားစကိုဖြတ်ပြီးအန်ကယ်ကအခန်း
ထဲကထထွက်သွားတော့သည်။စာဖတ်
ခန်းထဲမှာဂျောင်ဟွမ်နဲ့အတူတိတ်ဆိတ်
မှုသာကျန်ခဲ့သည်။ခေါင်းကိုမောကာ
မျက်နှာကြပ်ကိုငေးရင်းဂျောင်ဟွမ်
အတွေးထဲနစ်မြောနေတော့သည်။သူအခုလက်ရှိယိုရှီကိုသဘောကျသည်
ဒါပေမဲ့အရင်ကယိုရှီကိုတော့သဘော
မကျလှ။တကယ်လို့ယိုရှီကသာပြောင်း
လဲသွားခဲ့ရင်...."ဂျောင်ဟွမ်!..."
အခန်းထဲဝင်လာတဲ့ယိုရှီကြောင့်
ဂျောင်ဟွမ်အတွေးစတွေပျက်သွားပြီး
ဝင်လာတဲ့သူကိုကြည့်မိတော့ရေချိုး
ပြီးပုံရသည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖