"ခင်ဗျားလူတွေကိုဖယ်ခိုင်းလိုက်!!"
ဒေါသသံနှောနေတဲ့ဂျောင်ဟွမ်ရဲ့စကား
သံတွေကယိုရှီအတွက်တော့ပန်းလေးနဲ့
အသာပေါက်လိုက်သလိုပင်။သူ့စကားကိုအရေးမလှုပ်ပဲအေးဆေး
ထိုင်နေတဲ့လူကိုကြည့်ပြီးဂျောင်ဟွမ်
ဒေါသပိုထွက်လာရသည်။ဂျောင်ဝူးတို့
နဲ့ချိန်းထားလို့သူအပြင်သွားဖို့ပြင်ဆင်
ပြီးထွက်လာတာကို ယိုရှီရဲ့လူတွေက
သူ့ရှေ့ကနေရပ်ကာအပြင်ထွက်မရရန်
တားဆီးလာကြသည်။"ဟင်းးး...ကလေးလေးလိမ္မာပါဦးကွာ
ကိုယ်အခုတလောခေါင်းကိုက်စရာတွေ
များနေတယ်...ဟုတ်ပြီလား အပြင်မသွား
ပဲအိမ်မှာပဲနေပေး..."လေပြေအေးလေးနဲ့ပြောလာတဲ့စကား
တွေကတောင်းဆိုနေခြင်းမဟုတ်သလို
အမိန့်ပေးနေခြင်းမျိုးလဲမသက်ရောက်။
သို့သော်ဂျောင်ဟွမ်မှာလိုက်နာရုံကလွဲ
တစ်ခြားအကြောင်းမရှိ။ဒုတိယထပ်ကိုပြန်တက်သွားတဲ့ကျော
ပြင်ကိုပျောက်ကွယ်သွာတဲ့အထိငေး
ကြည့်နေရင်းမှယိုရှီလုပ်လက်စဖိုင်တွဲ
တွေကိုပြန်စစ်နေမိသည်။သူကပါးရဲ့
ကုမ္ပဏီနဲ့ပါတ်သတ်ပြီးဘာမှဝင်မပါ
တတ်ပေမဲ့ ရံဖန်ရံခါအချိန်မျိုးမှာတော့
အလုပ်တွေဝင်ရောက်ကူညီတတ်သည်။
မနေ့ကပါးစစ်ခိုင်းလာတဲ့စားရင်းတွေ
ကိုစစ်ရင်းသူအတော်လေးခေါင်းကိုက်
နေရသည်။နားထင်ကြောကိုလက်ညှိုးနဲ့လက်မကို
သုံးကာနှိပ်နယ်လိုက်ကာ ခေါင်းကိုက်
ခြင်းသက်သာရန်ကြိုးစားနေမိသည်။"သခင်လေး!.."
အလောသုံးဆယ်ပြေးလာတဲ့သူ့ရဲ့လူယုံ
ကိုကြည့်ပြီးခေါင်းသာအသာဆတ်ပြ
လိုက်သည်။အမောတကောထွက်လာတဲ့
ထိုလူရဲ့စကားသံကယိုရှီကိုချက်ခြင်း
ထရပ်နိုင်အောင်စွမ်းနိုင်လွန်းသည်။"သခင်ကြီးနဲ့ရှယ်ယာရှင်တွေကြား
ဘယ်လိုမှညှိုနှိုင်းမရဘူးဖြစ်နေတယ်တဲ့"ဒီပြဿနာကပြီးခဲ့တဲ့ရက်ကမှရုတ်တ
ရက်ဝင်ရောက်လာခြင်းပင်။ဘယ်လို
လူကသူ့ရဲ့ပါးကုမ္ပဏီကရှယ်ယာရှင်
တွေကိုဘယ်လိုနည်းသုံးပြီးစည်းရုံး
လိုက်သလဲဆိုတာသူစဉ်းစားမရဘူး။
ထိုအမည်မသိလူကရုတ်တရက်ရှယ်ယာ
အများဆုံးဖြစ်လာခဲ့ပြီး ကိုယ်တိုင်တော့
ရုပ်လုံးထွက်မပြပဲ ပါးကိုခြိမ်းခြောက်
လာခဲ့သည်။ထိုလူရဲ့ရည်ရွယ်ချက်က
ဘာများဖြစ်နေနိုင်ပါသနည်း။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖