"ဒေါက်...ဒေါက်!..."
အခန်းအပြင်ဘက်ကတံခါးခေါက်သံ
ကြောင့် ယိုရှီအိပ်ယာပေါ်လှဲနေရာက
နေထပြီးတံခါးစီသွားလိုက်သည်။"လေးလေး...ဘာကိစ္စရှိလို့လဲ"
ညဆယ်နာရီကျော်နေပြီမို့အရေးကြီး
ကိစ္စများရှိသလားယိုရှီမေးလိုက်သည်။"အကိုလေးပြန်ရောက်ပြီသခင်လေး"
တံခါးကိုကိုင်ထားဆဲဖြစ်တဲ့ယိုရှီလက်
တွေကတင်းကြပ်သွားရသည်။ နှစ်ပါတ်
လောက်အိမ်ပြန်မအိပ်တဲ့သူကအခုအိမ်
ပြန်ရောက်နေပြီတဲ့လား။ သူကလဲဘာ
လုပ်ရမှာလဲ သွားပြီးကြိုဆိုရမှာလား
ပင်ပမ်းနေသလားသွားမေးရမလား
သူမှားခဲ့တာ တွေအတွက်ထပ်ပြီး
တောင်းပန်ရဦးမှာလား အရင်ကယိုရှီ
သာဆိုရင်အပြေးလေးသွား၍ကြိုဆို
မိမှာပင် အခုတော့သူ့မှာထိုကောင်လေး
ရဲ့မျက်နှာကိုပင်မကြည့်ချင်သေး။"ဟုတ်လား...ကျွန်တော်နားတော့
မယ်လေးလေး..."အိမ်တော်ထိန်းမှာပိတ်သွားတဲ့တံခါး
လေးကိုကြည့်ပြီးဘယ်နှစ်ကြိမ်မြောက်
မှန်းမသိသက်ပြင်းချမိတော့သည်။
အကိုလေးကသခင်လေးကိုတွေ့ချင်
နေတာသူပြောတောင်မပြောလိုက်ရ
ဘူး။တတိယထပ်ကနေတစ်ယောက်ထဲပြန်
ဆင်းလာတဲ့လေးလေးကိုကြည့်ပြီး
ဂျောင်ဟွမ်စိတ်ပျက်လက်ပျက်ဖြစ်
သွားရသည်။"သူအိပ်နေပြီလား"
"မအိပ်သေးဘူး..."
"ဒါဆိုဘာလို့လိုက်မလာတာလဲ"
"သခင်လေးကနားချင်နေလို့တဲ့"
"ကျစ်..."
ဂျောင်ဟွမ်စုပ်သတ်လိုက်ပြီးလေးလေး
ကိုဘာမှဆက်မေးမနေတော့ပဲ တတိယ
ထပ်ကိုသာလှမ်းတက်လိုက်တော့သည်။အိမ်တော်ထိန်းကအခြေနေသိ၍လိုက်
မသွားတော့ပဲအောက်ထပ်သာဆင်း
နေလိုက်သည်။ယိုရှီအခန်းတံခါးရှေ့ကိုရောက်တာနဲ့...
"ဒေါက်...ဒေါက်!!!..."
"ခင်ဗျားမအိပ်သေးတာသိတယ်
တံခါးလာဖွင့်ပေး!..."ညသံနဲ့မို့ဂျောင်ဟွမ်အော်မနေပေမဲ့အသံ
ကကျယ်လောင်နေသည်။ ကြီးမားလှတဲ့
အိမ်ကြောင့်အောက်ဆုံးထပ်ကအန်ကယ်
တို့ကတော့မကြားနိုင်ပေ။ တံခါးကိုအ
ဆက်မပြတ်ခေါက်ပြီး ခနအကြာမှတံခါး
ကဖွင့်လာခဲ့သည်။

YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖