"ဂျောင်ဟွမ် မင်းဒီညမပြန်ဖူးပေါ့"
ဂျောင်ဝူးရဲ့အမေးစကားကိုခေါင်းငြိမ့်
ပြလိုက်ရင်း ရှေ့ကမီးရောင်စုံအောက်မှာ
ကနေတဲ့လူတစ်စုစီကိုသာအကြောင်းမဲ့
ငေးနေမိသည်။"မင်းသခင်လေးစိတ်ပူနေမယ်ထင်တယ်"
ရယ်ကျဲကျဲနဲ့စနောက်လာတဲ့ဂျယ်ဟော့
ရဲ့စကားကြောင့် ငေးနေတဲ့ဂျောင်ဟွမ်
ရဲ့မျက်နှာကတည်တင်းသွားရသည်။
ဒီလူ့အကြောင်းကိုကြားရတာသူ့စိတ်
အတွက်တော်တော်လေးအနှောက်ယှက်
ဖြစ်ရသည်။သူ့ဘဝအတွက်တော့ထိုလူ
ကလုံးဝအိပ်မက်ထဲမှာပင်ထည့်မမက်
ချင်တဲ့သူမျိုးပင်။လက်ထဲကဝီစကီခွက်ကိုအသံမြည်
အောင်ခပ်ကြမ်းကြမ်းချလိုက်ပြီး
သူ့အကြောင်းသိရဲ့သားနဲ့ရန်လာစ
နေတဲ့သူငယ်ချင်းဖြစ်သူဘက်မျက်
နှာမူလိုက်ရင်း..."ဂရုစိုက်စရာမလိုဘူး"
ဂျောင်ဟွမ်အသံကတည်ငြိမ်လွန်း
သလောက် ဂျောင်ဟွမ်ရဲ့မျက်နှာက
ခပ်ထန်စွာအေးစက်နေသည်။"ဟားး...အေးပါကွာဒါဆိုလဲတစ်ည
လုံးကဲကြတာပေါ့"ဂျောင်ဟွမ်ချထားတဲ့ခွက်ကိုလှမ်းတိုက်
လိုက်ပြီး ဂျောင်ဝူးကတစ်ခွက်လုံးမော့
လိုက်သည်။ဂျောင်ဟွမ်လဲခွက်ကိုပြန်
ကောက်ယူလိုက်ပြီး ဝီစကီရဲ့အရသာကို
ဖြေးဖြေးရင်းခံစားနေလိုက်သည်။မီးရောင်စုံလင်းထိန်နေတဲ့clubထဲမှာ
အားလုံးကDJသံနဲ့အညီယိမ်းနွဲ့လှုပ်ရှား
နေကြသည်။ဂျောင်ဟွမ်တို့သုံးယောက်
သားကတော့ကနေတဲ့လူတွေကိုသာငေး
ကြည့်လိုက်သောက်လိုက်စားလိုက်နဲ့
ပျော်မြူးနေကြရင်းအချိန်တွေကိုဖြုန်း
ပစ်လိုက်ကြသည်။................................
ယိုရှီအရှေ့အနောက် တောင် မြောက်ကို
ဦးတည်ရာမဲ့ခေါက်တုံ့ခေါက်ပြန်လျှောက်
နေမိသည်။အိမ်တော်ထဲကဘယ်သူမျှလဲ
သခင်လေးကိုမတားရဲကြသလို အနားလဲ
မကပ်ရဲကြပေ။အိမ်တော်ထိန်းကြီးကလဲ
သခင်လေးနဲ့အနီးဆုံးနေရာမှာသာရှိနေ
ပြီးငြိမ်သက်စွာရပ်နေခဲ့သည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖